NLD ဦးဝင်းထိန်ရဲ့ လက်မှတ်ထောက်ခံစာ အသုံးပြုပြီး လောင်စာဆီ မှောင်ခိုသယ်လာ

0
380

မြ၀တီမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ရဲ့ လက်မှတ်ထောက်ခံစာကို အသုံးပြုပြီး ဓာတ်ငွေ့နဲ့ လောင်စာဆီ မှောင်ခိုသယ်လာတဲ့ အဖွဲ့ကို ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဦးဝင်းထိန်ရဲ့ လက်မှတ်ကိုကိုင်ပြီး လုပ်ငန်းလိုင်စင်နဲ့ တရားဝင်ခွင့်ပြုချက် မရှိဘဲ ထိုင်းနိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲကို သယ်ဆောင်လာတဲ့ လောင်စာဆီ ယာဉ်အစီးရေ ၅၀ ခန့်နဲ့ ယာဉ်မောင်းတွေကို မြ၀တီနယ်စပ်ဂိတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ရဲ့ လက်မှတ်နဲ့ စာရွက်ကို ထုတ်ပြရာ ထောက်ခံစာမှာ ဦးဝင်းထိန်လက်မှတ်ပါရှိတာ မှန်ပေမယ့် ဦးဝင်းထိန်မှာ အစိုးရအဖွဲ့ဝင် တစ်ဦးမဟုတ်တဲ့အတွက် ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးရမိခဲ့တဲ့ ယာဉ်တွေကိုတော့ အကောက်ခွန်နယ်စပ်ဂိတ်မှာ ထိန်းသိမ်းထားပြီဖြစ်ပါတယ်။

ဒီလက်မှတ်ကို ဘယ်လို အသုံးပြုပြီး ဒီနေရာ အလွဲသုံးစား အသုံးပြုနေသလဲဆိုတာကတော့ ဆက်လက် စုံစမ်း စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)