ဦးမျိုးရန်နောင်သိမ်းကို ဆက်သွယ်ရေး ပုဒ်မနဲ့ ထောင် ၆ လ ချမှတ်

0
439

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဦးမျိုးရန်နောင်သိမ်းကို ဒီနေ့ ဧပြီလ ၇ ရက်နေ့မှာ ကမာရွတ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းဟာ လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဝေဖန်ရေးသားတယ် ဆိုပြီး ရန်ကုန်တိုင်း စစ်ဒေသကြီး စစ်ဌာနချုပ်က ဒု ဗိုလ်မှူးကြီး လင်းထွန်းက တရားလို ပြုလုပ်ပြီး တရားစွဲခဲ့တာပါ။

မနှစ်က အောက်တိုဘာ ၃၁ ရက်မှာ အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ ဦးမျိုးရန်နောင်သိမ်းကို ဖမ်းဆီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)