ရဲတပ်သားနှစ်ဦး ပါဝင်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါး သုံးသောင်းကျော် ဖမ်းဆီးရမိ

0
268

ရန်ကုန်-နေပြည်တော် အမြန်ကားလမ်းမပေါ်မှာ ဧပြီလ ၆ ရက်နေ့က စိတ်ကြွမူးယစ်ဆေးဝါး သုံးသောင်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

တရားခံ သူရိန်ထွန်း(ခ) မျိုးမင်းရဲ့ ထွက်ဆိုချက်အရ ကျော်ကျော်ကို ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးများ ၀ယ်ယူရန် ဖုန်းနဲ့ဆက်သွယ်ခဲ့လို့ မူးယစ်ဆေးဝါးများရောင်းဖို့ ရောက်ရှိလာစဉ်မှာ ပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါး လာရောင်းသူတွေစီးလာတဲ့ မော်တော်ယာဉ်ကို စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါးမျိုးစုံ (၂၉၈၀၀ ပြား) အလေးချိန် (၂၉၈၀ ဂရမ်ခန့်) ငွေကျပ် သိန်းကိုးထောင်နီးပါးရှိတဲ့ မူးယစ်ဆေးဝါး များကို ဖမ်းဆီးရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါး တရားခံများထဲမှာ ရဲတပ်သား နှစ်ဦးပါဝင်နေတာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကိုတော့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပြီဖြစ်ပါတယ်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)