ကန့်ဘလူ အလှူမှာ လူ ၁၀၀ ကျော် အစာအဆိပ်သင့်

0
311

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ပေလည်ကျေးရွာ ရှင်ပြုအလှူပွဲမှာ လူ ၁၀၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။

မနေ့က ဧပြီလ ၆ ရက်နေ့က ရှင်ပြုအလှူပွဲမှာ ငါခြောက်ထောင်း၊ ပုစွန်ခြောက်ထောင်း၊ သရက်ချဉ်၊ မှန်ရောင်ဟင်းရည်၊ စားတော်ပဲပြုတ်တို့နဲ့ ကျွေးမွေးဧည့်ခံတာ ဖြစ်ပါတယ်။

အလှူပွဲလာတဲ့ ပေလည်ကျေးရွာနဲ့ ဘိုကုန်းကျေးရွာတို့က အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၇၅ ဦး စုစုပေါင်း ၁၁၄ ဦး အစာအဆိပ်သင့်ခဲ့တာကြောင့် ပေလည်ကျေးရွာ ဘုန်းကြီးကျောင်းကို ကန့်ဘလူမြို့ ဆေးရုံက ဆေးရုံအုပ်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ လာရောက် ကုသပေးနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)