ရခိုင်ပြည်နယ်အရေး ပိုမိုရှုပ်ထွေးအောင် စွက်ဖက်မှုများ လက်မခံ

0
277

 

ရခိုင်ပြည်နယ် အရေးမှာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ဟာ  ပိုမိုရှုပ်ထွေးအောင် စွက်ဖက်တဲ့ ပုံစံများနဲ့ ဖိအားပေးမှုတွေကို လက်ခံမှာ မဟုတ်ဘဲ သံတမန် နည်းလမ်းနဲ့ ကြံကြံခံ ရပ်တည်မှာ ဖြစ်ပါတယ်။

အစိုးရရဲ့ ကြိုးပမ်းနေမှုအပေါ် အပြုသဘော ကူညီမှု မဟုတ်ဘဲ ဖိအားပေးမှုကဲ့သို့သော မလိုလားအပ်တဲ့ အခြေအနေတွေကို ကာကွယ်တားဆီးရေး နိုင်ငံတကာမျက်နှာစာမှာ မိတ်ဆွေနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး သံတမန်နည်းလမ်းနဲ့ ကြံ့ကြံ့ခံရပ်တည် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။

နေပြည်တော်၊ ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောဆိုတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂက အချက်အလက် ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်တာကိုလည်း မြန်မာ့ အခြေအနေနဲ့ မကိုက်ညီဘူးဆိုပြီး မြန်မာအစိုးရက ပြတ်ပြတ်သားသား ပယ်ချထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)