အစိုးရသစ်ရဲ့ လုပ်ဆောင်မှုတွေကို ဝေဖန်နေတာထက် ပူးပေါင်းလုပ်ဆောင်ခြင်းက ထိရောက်တဲ့ အောင်မြင်မှုကို ရရှိမှာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသားကြီးကဆို

0
361

အစိုးရသစ်အနေနဲ့ နိုင်ငံရေး ပြောင်းလဲလာတဲ့ အခင်းအကျင်းမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြသနာတွေကတော့ များစွာရှိလာမှာတော့အသေချာပါပဲ၊ ဟန်းနီးမွန်းကာလလို့ သတ်မှတ် ထားတဲ့ ရက် ၁၀၀ အတွင်းမှာ ပြည်တွင်းမှာ နိမ့်ကျပျက်ဆီးနေတဲ့ စီးပွားရေးနဲ့ လူနေမှုဘဝတွေကို မြှင့်တင်မယ် လို့ အစိုးရသစ်ရဲ့ပြောဆိုမှု အပေါ်မှာလည်း ဝေဖန်သံများရှိခဲ့ပါတယ်။

အဲဒီလိုဝေဖန်မှုတွေ ပြောဆိုနေကြ သူ တွေထဲမှာ ယခင်ကနိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့ကြသူတွေ ယခင်အာဏာရှင်ဟောင်းတွေအပြင် ပါတီ အချို့က ပုဂိုလ်များလည်း ပါဝင်နေတာကိုတွေ့ရပါတယ်။

တစ်ကယ်တော့ အနိုင်ရပါတီအနေနဲ့ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်တွေ လုပ်ဆောင်ချက်ကြောင့် နိမ့်ကျ ပျက်စီးနေတဲ့ မြန်မာပြည်သူတွေရဲ့ဘဝပေါင်းများစွာနဲ့ နိုင်ငံရဲ့စီးပွားရေး အခြေအနေ ကောင်းမွန်တိုးတက် လာအောင် လုပ်ဆောင်ရတဲ့ အခြေအနေဟာ အင်မတန်မှ ခက်ခဲလိမ့်ဆိုတာတော့ မလွဲပါဘူး၊ ပြည်သူများ အနေနဲ့ စစ်အာဏာရှင်လက်အောက်က ရုန်းထခဲ့ကြပြီး ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အနိုင်ရပါတီ NLD ဆောင်ပုဒ်အတိုင်း ကိုယ့်ရဲ့ဆန္ဒမဲများကို ပြတ်ပြတ်သားသားပေးခဲ့ကြတဲ့အတွက် အခုဆိုရင် ပြည်သူတွေလိုချင်တဲ့ အရပ်သား အစိုးရခေတ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အခုအခါမှာ အစိုးရသစ်ရဲ့ အုပ်ချုပ်ရေး ယန္တရား စတင်ချိန်ဟာ ရက်ပိုင်းလေးသာရှိနေပြီး အဲဒီအပေါ်မှာ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုသားကြီး (လှည်းတန်း) ကို MCN သတင်းဋ္ဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ အခုချိန်ဟာ အရပ်သားအစိုးရသစ်ကို ပြုလုပ်နေတဲ့ ဝေဖန်မှုတွေကို မလုပ်သင့်သေးပါဘူး၊ အစိုးရသစ်အနေနဲ့ ပြောထားတဲ့ ရက်ပေါင်း ၁၀၀ ကာလကိုလည်း ဒီထက်ပိုပြီး တစ်နှစ်လောက်တောင် ပေးထားသင့်တယ်လို့ဆိုပါတယ်။အခုလိုဝေဖန်နေတာထက်စာရင် ဝိုင်းဝန်း လုပ်ဆောင်သင့်ပြီး ပြည်သူတွေမျှော်လင့်နေတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို ရောက်အောင်သွား သင့်တယ်လို့ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)