မြေနီကုန်းရှိ ဒဂုံစင်တာ(၁)မှာ အမျိုးသမီးတစ်ဦးကို အမျိုးသား တစ်ဦးက ကတ်ကြေးနဲ့ မျက်လုံးကို ထိုးဖောက်

0
297

ရန်ကုန်မြို့ မြေနီကုန်းရှိ ဒဂုံစင်တာ(၁) ဒုတိယထပ်မှာရှိတဲ့ ဖန်စီပစ္စည်းအရောင်းဆိုင်မှ အသက် (၂၃) အရွယ် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးကို အမျိုးသား တစ်ဦးက ကတ်ကြေးနဲ့ မျက်လုံးကို ထိုးဖောက်မှု ဧပြီလ (၆) ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ပြစ်မှုကျူးလွန်သူနဲ့ အမျိုးသမီးဟာ ယခင်က ချစ်ကြိုက်ခဲ့ပြီး အခုလမ်းခွဲတဲ့ ကိစ္စအပေါ် မကျေနပ်လို့ ပြစ်မှုကျူးလွန်ခဲ့တာပါ။ အမျိုးသမီးဟာ ယာမျက်လုံးပေါက်ဒဏ်ရာ၊ ၀ဲမျက်လုံးအောက်၊ ၀ဲနားထင်၊ မေးစေ့၊ ယာလက်ခုံ၊ ယာလက်ဖ၀ါး၊ ယာချိုစောင်းတွေမှာ ထိုးသွင်းဒဏ်ရာတွေ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူကို စမ်းချောင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)