စင်္ကာပူအစိုးရကျောင်းတွေမှာပညာသင်ကြားခွင့်ရရှိမယ့် အာဆီယံ ပညာသင်ဆု တွေကို ပညာရေးဝန်ကြီးဌာနက ခေါ်ယူ

0
295

စင်္ကာပူအစိုးရကျောင်းတွေမှာ ၄ နှစ်တာ ပညာသင်ကြားခွင့်ရရှိမယ့် အာဆီယံ ပညာသင်ဆု တွေကို ပညာရေးဝန်ကြီးဌာနက ခေါ်ယူလိုက်ပါတယ်။ ဧပြီလ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ အဲ့ဒီ ပညာသင်ဆု ဆိုင်ရာ သတင်းအချက်တွေကို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လာတာပါ။ အဲ့ဒီထုတ်ပြန်ချက် ထဲမှာတော့ ပညာသင်ဆုကို လျှောက်ထားလိုသူတွေဟာ ၂၀၀၀ ပြည့်နှစ်နဲ့ ၂၀၀၂ ခုနှစ်တွေမှာ မွေးဖွားသူဖြစ်ဖို့ လိုအပ်ပြီး အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးတွေ၊ ပုဂ္ဂလိက ကျောင်းတွေက ပညာရေးသင်ရိုးညွှန်းတမ်း/နိုင်ငံတကာသင်ရိုးညွှန်းတမ်းတွေအရ အနိမ့်ဆုံး အဋ္ဌမတန်း (Grade-9) အောင်မြင် ပြီးသူတွေဖြစ်ရမယ်လို့လည်း အဲ့ဒီပညာသင်ဆု ခေါ်ယူတဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ လျှောက်ထား လိုသူတွေအနေနဲ့ ဧပြီလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ပညာရေးမှူး ရုံးတွေမှာ လျှောက်ထားနိုင်ကြမှာလဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)