လွှတ်တော်အစည်းအဝေးတွေကို ဧပြီ ၇ ရက်က စတင်ပြီး ရပ်နားလိုက်ပြီး မေလ ၂ ရက်နေ့မှာ ပြန်လည်ခေါ်ယူ ကျင်းပမည်

0
308

ကျင်းပနေတဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းရဲ့ လွှတ်တော်အစည်းအဝေးတွေကို ဧပြီ ၇ ရက်က စတင်ပြီး ရပ်နားလိုက်ပြီး မေလ ၂ ရက်နေ့မှာ ပြန်လည်ခေါ်ယူ ကျင်းပဖို့ရှိနေပါတယ်။ ရပ်နားလိုက်တဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်းမှာတော့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အကြီးအကဲတွေကို တင်မြှောက်တာ၊ နိုင်ငံတော်သမ္မတဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ဖွဲ့စည်း တာတွေအပြင် ဘာသာရပ်အလိုက် လွှတ်တော်ကော်မတီတွေ ဖွဲ့စည်းတာတွေကို ပြုလုပ်ခဲ့တာပါ။ မေလဆန်းပိုင်း မှာ ပြန်လည်ခေါ်ယူလာမယ့် လွှတ်တော်အစည်းအဝေးတွေအတွင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အပါဝင် ပြည်သူလူထုအပေါ် ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ဥပဒေတွေကို ဘယ်လောက် ဖျက်သိမ်းနိုင်မယ်၊ ပြင်ဆင်နိုင်မယ်၊ ဘယ်လို ဥပဒေတွေကို အသစ်အနေနဲ့ ပြဌာန်းလာနိုင်လာနိုင်မလဲဆိုတဲ့အပေါ် ပြည်သူတွေ စိတ်ဝင်စားနေကြတာလဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)