မသန္စြမ္းေတြကို အစိုးရလုပ္ငန္းေတြမွာပါ အလုပ္အကိုင္ ဖန္တီးေပးေစလို

0
371
devices -->

မသန္စြမ္းေတြကို ပုဂၢလိကလုပ္ငန္းေတြအျပင္ အစိုးရလုပ္ငန္းေတြမွာပါ အလုပ္အကိုင္အခြင့္အလမ္းေတြ ဖန္တီးေပးေစလိုတယ္လို႔ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ား အသင္းခ်ဴပ္ကေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

မသန္စြမ္းေတြကို ပုဂၢလိကလုပ္ငန္းေတြမွာ ခန္႔အပ္တာေတြရွိလာေပမယ့္ ပညာေရးက႑လို အစိုးရလုပ္ငန္း ဌာနေတြမွာ အလုပ္အကိုင္အခြင့္အလမ္း ေတြေဆာင္ရြက္ေပးေစလိုတယ္လို႔ ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဴပ္ ယာယီဥကၠ႒ ဦးသိန္းလြင္က ေျပာပါတယ္။

မတ္လ ၆ရက္က ရန္ကုန္ၿမိဳ႕ Rose Garden ဟိုတယ္မွာ ‘မသန္စြမ္းသူမ်ားအတြက္ အလုပ္အကိုင္ အခြင့္အလမ္း ျမႇင့္တင္ျခင္း နယ္ပယ္အသီးသီးမွ ပါဝင္ပတ္သက္သူမ်ားအလုပ္႐ုံေဆြးေႏြးပြဲ’ ျပဳလုပ္ခ့ဲတာပါ။

Soundbite – ဦးသိန္းလြင္ (ယာယီဥကၠ႒) ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဳပ္

ဒါ့အျပင္ အစိုးရဌာနေတြမွာ အလုပ္အကိုင္ ခန္႔ထားဖို႔ကို ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ား အသင္းခ်ဳပ္က ဒုသမၼတ ဦးေဆာင္တ့ဲ အမ်ိဳးသားေကာ္မတီအစည္းအေဝးေတြမွာ ေျပာဆိုေဆြးေႏြးေနတာျဖစ္ပါတယ္။

Soundbite – ဦးသိန္းလြင္ (ယာယီဥကၠ႒) ျမန္မာႏိုင္ငံမသန္စြမ္းသူမ်ားအသင္းခ်ဳပ္

ျမန္မာႏိုင္ငံမွာ ျပည္လုံးကၽြတ္သန္းေခါင္စာရင္းအရ မသန္စြမ္းသူ ၂၃သိန္းရွိၿပီး အဲ့ဒီထဲက အလုပ္အကိုင္ရရွိတဲ့ မသန္စြမ္းေတြဟာ ေထာင္ဂဏန္းဝန္းက်င္သာ ရွိေနတာျဖစ္ပါတယ္ခင္ဗ်ား။

မသန်စွမ်းတွေကို အစိုးရလုပ်ငန်းတွေမှာပါ အလုပ်အကိုင် ဖန်တီးပေးစေလို

မသန်စွမ်းတွေကို ပုဂ္ဂလိကလုပ်ငန်းတွေအပြင် အစိုးရလုပ်ငန်းတွေမှာပါ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးစေလိုတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချူပ်ကပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

မသန်စွမ်းတွေကို ပုဂ္ဂလိကလုပ်ငန်းတွေမှာ ခန့်အပ်တာတွေရှိလာပေမယ့် ပညာရေးကဏ္ဍလို အစိုးရလုပ်ငန်း ဌာနတွေမှာ အလုပ်အကိုင်အခွင့်အလမ်း တွေဆောင်ရွက်ပေးစေလိုတယ်လို့ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချူပ် ယာယီဥက္ကဋ္ဌ ဦးသိန်းလွင်က ပြောပါတယ်။

မတ်လ ၆ရက်က ရန်ကုန်မြို့ Rose Garden ဟိုတယ်မှာ ‘မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်း မြှင့်တင်ခြင်း နယ်ပယ်အသီးသီးမှ ပါဝင်ပတ်သက်သူများအလုပ်ရုံဆွေးနွေးပွဲ’ ပြုလုပ်ခဲ့တာပါ။

Soundbite – ဦးသိန်းလွင် (ယာယီဥက္ကဋ္ဌ) မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်

ဒါ့အပြင် အစိုးရဌာနတွေမှာ အလုပ်အကိုင် ခန့်ထားဖို့ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်က ဒုသမ္မတ ဦးဆောင်တဲ့ အမျိုးသားကော်မတီအစည်းအဝေးတွေမှာ ပြောဆိုဆွေးနွေးနေတာဖြစ်ပါတယ်။

Soundbite – ဦးသိန်းလွင် (ယာယီဥက္ကဋ္ဌ) မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မသန်စွမ်းသူ ၂၃သိန်းရှိပြီး အဲ့ဒီထဲက အလုပ်အကိုင်ရရှိတဲ့ မသန်စွမ်းတွေဟာ ထောင်ဂဏန်းဝန်းကျင်သာ ရှိနေတာဖြစ်ပါတယ်ခင်ဗျား။