
0
896




>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ်ဝင်စာမေးပွဲမှာ ပျက်ကွက်သူ ၅၅၀ဝ၀ ကျော်ရှိ

တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုမှု မရှိပဲ ပျက်ကွက်သူ ၅ သောင်း ၅ ထောင်ကျော် ၇ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက စာစစ်ဌာနတွေနဲ့ နိုင်ငံခြား စာစစ်ဌာနတွေမှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားသူ စုစုပေါင်း ၈၄၄၃၅၈ ရှိတာပါ။

အဲ့ဒီထဲက ၅၅၄၉၅ ဦး ဖြေဆိုဖို့ ပျက်ကွက်ခဲ့ပြီး ၇၈၈၈၆၃ ဦးသာ ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူတွေထဲမှာတော့ ကျောင်း သား ၃၃၆၂၁၉ ဦးနဲ့ ကျောင်းသူ ၄၅၂၆၄၄ ဦးတို့ ရှိခဲ့တာပါ။

အဲ့ဒီထဲမှာတော့ မသန်စွမ်း စာမေးပွဲဖြေဆိုသူ မသန်စွမ်း ၁၅၇ ဦးနဲ့ အကျဉ်းသား ၁၀ဝ ကျော် ပါဝင်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)