အက်ဥ္းသား ၁၀၀ ေက်ာ္  တကၠသိုလ္၀င္တန္းစာေမးပြဲမွာ ၀င္ေရာက္ေျဖဆို

0
904

၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္ တကၠသိုလ္၀င္တန္းစာေမးပြဲမွာ ၀င္ေရာက္ေျဖဆိုသူ အက်ဥ္းသား ၁၀၀ ေက်ာ္ရွိတယ္လို႔ အစိုးရက သတင္းထုတ္ျပန္လိုက္ပါတယ္။

မတ္လ ၇ ရက္ေန႔မွာ စတင္က်င္းပျပဳလုပ္ေနတဲ့ တကၠသိုလ္၀င္တန္း စာေမးပြဲကို အင္းစိန္ဗဟိုအက်ဥ္းေထာင္က ေျဖသူဆို ၃၃ ဦး၊ မႏၱေလးဗဟိုအက်ဥ္းေထာင္က ေျဖဆိုသူ ၅၆ ဦးရွိခဲ့တာပါ။

က်န္တဲ့ ေရႊဘို၊ ဘားအံ၊ ၿမိတ္၊ ေတာင္ငူနဲ႔ စစ္ေတြနဲ႔ ေျမာင္းျမ စတဲ့ အက်ဥ္းေထာင္ေတြကလည္း ေျဖဆိုသူ ၁၆ ဦး ရွိခဲ့ပါတယ္။

ဒါေၾကာင့္ အက်ဥ္းေထာင္ေတြကေန ၀င္ေရာက္ေျဖဆိုသူ အက်ဥ္းသား ၁၅ ဦး ရွိခဲ့တာပါ။

ဒါ့အျပင္ ျမန္မာတစ္ႏို္င္ငံလံုးက ရဲစခန္းေတြမွာ အခ်ဳပ္က်ေနတဲ့ အခ်ဳပ္သား ၆ ဦးလည္း တကၠသိုလ္၀င္ စာေမးပြဲ ေျဖဆိုခြင့္ရခဲ့တယ္လို႔လည္း အစိုးရရဲ႕ သတင္းထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

အကျဉ်းသား ၁၀ဝ ကျော် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆို
၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ အကျဉ်းသား ၁၀ဝ ကျော်ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၇ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်နေတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်က ဖြေသူဆို ၃၃ ဦး၊ မန္တလေးဗဟိုအကျဉ်းထောင်က ဖြေဆိုသူ ၅၆ ဦးရှိခဲ့တာပါ။
ကျန်တဲ့ ရွှေဘို၊ ဘားအံ၊ မြိတ်၊ တောင်ငူနဲ့ စစ်တွေနဲ့ မြောင်းမြစတဲ့ အကျဉ်းထောင်တွေကလည်း ဖြေဆိုသူ ၁၆ ဦး ရှိခဲ့ပါတယ်။
ဒါကြောင့် အကျဉ်းထောင်တွေကနေ ဝင်ရောက်ဖြေဆိုသူ အကျဉ်းသား ၁၅ ဦး ရှိခဲ့တာပါ။
ဒါ့အပြင် မြန်မာတစ်နိ်ုင်ငံလုံးက ရဲစခန်းတွေမှာ အချုပ်ကျနေတဲ့ အချုပ်သား ၆ ဦးလည်း တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ရခဲ့တယ်လို့လည်း အစိုးရရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)