
0
909





>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ မသန်စွမ်း ၁၆၀ နီးပါး ဝင်ရောက် ဖြေဆို

မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးမှာ ကျင်းပနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲတွေမှာ မသန်စွမ်း ကျောင်းသူ ကျောင်းသား ၁၆၀ နီးပါး ဝင်ရောက် ဖြေဆိုခဲ့ကြပါတယ်။

မတ်လ ၇ ရက်နေ့မှာ စတင် ကျင်းပပြုလုပ်တဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစားမေးပွဲမှာ မျက်မမြင် စာဖြေသူ ၂၁ ဦးရှိခဲ့တာပါ။

ဒါအပြင် မြန်မာတစ်နိုင်ငံလုံးက စာစစ်ဌာနတွေမှာ နားမကြား စာဖြေသူ ၁၀ ဦး ရှိခဲ့တာဖြစ်ပါတယ်။ အလားတူ မြန်မာတစ်နိုင်ငံလုံးမှာ ကိုယ်လက်အင်္ဂါမသန်စွမ်း စာဖြေသူ ၁၂၆ ဦး ရှိခဲ့တာပါ။

ဒါအကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနအသီးသီးမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ မသန်စွမ်း ၁၅၇ ဦး ရှိခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)