မူခင္းကိစၥေတြ တိုင္ၾကားရင္ ခ်က္ခ်င္း ေဆာင္ရြက္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
843

မႈခင္းကိစၥေတြနဲ႔ ပတ္သက္ၿပီး တရားလိုနစ္နာသူက တင္ျပတိုင္ၾကားရင္ ခ်က္ခ်င္း လက္ခံေဆာင္႐ြက္ေပးဖို႔၊ စြပ္စြဲခံရသူကို ထိန္းသိမ္းၿပီးေနာက္မွာ ေရွ႕ေနနဲ႔ အျမန္ဆုံးေတြ႔ဆုံႏိုင္ဖို႔၊ တိုင္ပင္ေဆြးေႏြးႏိုင္ဖို႔ ခြင့္ျပဳရမွာ ျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီေန႔ မတ္လ ၇ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ တရားဥပေဒ စိုးမိုးေရးအတြက္ တရားမၽွတမႈဆိုင္ရာ ေပါင္းစပ္ညႇိႏႈိင္းေရး ညီလာခံမွာ ေျပာသြားတာ ျဖစ္ပါတယ္။

တရား႐ုံးကို အမႈစြဲဆိုတင္ပို႔ရာမွာ ေႏွာင့္ေႏွးျခင္း မရွိေစဖို႔နဲ႔ စြပ္စြဲခံရသူရဲ႕ အခြင့္အေရးေတြကို အျပည့္အဝ ရရွိေစဖို႔ ေဆာင္႐ြက္ေပးေရးနဲ႔ တရားလို နစ္နာသူအတြက္ ဥပေဒနဲ႔အညီ ကုစားခြင့္ေတြ ရရွိဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေပးေရး ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မူခင်းကိစ္စတွေ တိုင်ကြားရင် ချက်ချင်း ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မှုခင်းကိစ္စတွေနဲ့ ပတ်သက်ပြီး တရားလိုနစ်နာသူက တင်ပြတိုင်ကြားရင် ချက်ချင်း လက်ခံဆောင်ရွက်ပေးဖို့၊ စွပ်စွဲခံရသူကို ထိန်းသိမ်းပြီးနောက်မှာ ရှေ့နေနဲ့ အမြန်ဆုံးတွေ့ဆုံနိုင်ဖို့၊ တိုင်ပင်ဆွေးနွေးနိုင်ဖို့ ခွင့်ပြုရမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ မတ်လ ၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံမှာ ပြောသွားတာ ဖြစ်ပါတယ်။

တရားရုံးကို အမှုစွဲဆိုတင်ပို့ရာမှာ နှောင့်နှေးခြင်း မရှိစေဖို့နဲ့ စွပ်စွဲခံရသူရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ရရှိစေဖို့ ဆောင်ရွက်ပေးရေးနဲ့ တရားလို နစ်နာသူအတွက် ဥပဒေနဲ့အညီ ကုစားခွင့်တွေ ရရှိဖို့ ကြိုးပမ်းဆောင်ရွက်ပေးရေး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)