လူငယ္ေတြ ဥပေဒပညာကို အေလးထား သင္ယူခ်င္စိတ္ ရွိဖို႔ အေရးႀကီး

0
852

လူငယ္ေတြဟာ ဥပေဒပညာကို အေလးထား တန္ဖိုးထားၿပီးေတာ့ သင္ယူခ်င္တဲ့ စိတ္ဓာတ္ေတြ ရွိဖို႔ရာ အင္မတန္မွ အေရးႀကီးပါတယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

တစ္ခ်ိန္က ျမန္မာႏိုင္ငံမွာ အေတာ္ဆံုး အထက္ျမက္ဆံုး ပုဂၢိဳလ္ေတြဟာ ဥပေဒပညာကို သင္ယူခဲ့ေၾကာင္း၊ ေနာက္ပိုင္း ဥပေဒပညာရဲ႕ အဆင့္က နိမ့္လာသလိုျဖစ္ၿပီး အမွတ္အနည္းဆံုးရတဲ့ ဆယ္တန္းေအာင္ ေက်ာင္းသားေတြဟာ ဥပေဒသင္ယူႏိုင္တဲ့ အခြင့္အေရးရလို႔ ဥပေဒပညာကို တန္ဖိုးထားတဲ့ေခတ္ ေပ်ာက္သလို ျဖစ္သြားတယ္လို႔ ဒီေန႔ မတ္လ ၇ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ တရားဥပေဒ စိုးမိုးေရးအတြက္ တရားမၽွတမႈဆိုင္ရာ ေပါင္းစပ္ညႇိႏႈိင္းေရး ညီလာခံမွာ ေျပာသြားတာ ျဖစ္ပါတယ္။

၁၉၄၇ ခုႏွစ္ ဖြဲ႔စည္းပံုအေျခခံ ဥပေဒအရ သမၼတက တာဝန္ေတြ မထမ္းေဆာင္ႏိုင္ေတာ့ရင္ တရားသူႀကီးခ်ဳပ္က ယာယီတာဝန္ထမ္းေဆာင္ရမယ္ ဆိုတဲ့အထိ တရားသူႀကီးေတြကို ေလးစားခဲ့တဲ့ ေခတ္ကို ေက်ာ္ျဖတ္ခဲ့ေၾကာင္း၊ တရားသူႀကီးဆိုတာ တကယ္ကို တရားမွ်တတယ္၊ လူတိုင္းကေနၿပီးေတာ့ လူရိုေသ ရွင္ရိုေသ သံသယမရွိရတဲ့ ပုဂၢိဳလ္ေတြ ဆိုၿပီးေတာ့ ျမင္ခဲ့တဲ့ ေခတ္တစ္ခုကို ျပန္ၿပီးေတာ့ ထူေထာင္ဖို႔လိုၿပီး ပညာေရးစနစ္က စရမယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူငယ်တွေ ဥပဒေပညာကို အလေးထား သင်ယူချင်စိတ် ရှိဖို့ အရေးကြီး

လူငယ်တွေဟာ ဥပဒေပညာကို အလေးထား တန်ဖိုးထားပြီးတော့ သင်ယူချင်တဲ့ စိတ်ဓာတ်တွေ ရှိဖို့ရာ အင်မတန်မှ အရေးကြီးပါတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တစ်ချိန်က မြန်မာနိုင်ငံမှာ အတော်ဆုံး အထက်မြက်ဆုံး ပုဂ္ဂိုလ်တွေဟာ ဥပဒေပညာကို သင်ယူခဲ့ကြောင်း၊ နောက်ပိုင်း ဥပဒေပညာရဲ့ အဆင့်က နိမ့်လာသလိုဖြစ်ပြီး အမှတ်အနည်းဆုံးရတဲ့ ဆယ်တန်းအောင် ကျောင်းသားတွေဟာ ဥပဒေသင်ယူနိုင်တဲ့ အခွင့်အရေးရလို့ ဥပဒေပညာကို တန်ဖိုးထားတဲ့ခေတ် ပျောက်သလို ဖြစ်သွားတယ်လို့ ဒီနေ့ မတ်လ ၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံမှာ ပြောသွားတာ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတက တာဝန်တွေ မထမ်းဆောင်နိုင်တော့ရင် တရားသူကြီးချုပ်က ယာယီတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အထိ တရားသူကြီးတွေကို လေးစားခဲ့တဲ့ ခေတ်ကို ကျော်ဖြတ်ခဲ့ကြောင်း၊ တရားသူကြီးဆိုတာ တကယ်ကို တရားမျှတတယ်၊ လူတိုင်းကနေပြီးတော့ လူရိုသေ ရှင်ရိုသေ သံသယမရှိရတဲ့ ပုဂ္ဂိုလ်တွေ ဆိုပြီးတော့ မြင်ခဲ့တဲ့ ခေတ်တစ်ခုကို ပြန်ပြီးတော့ ထူထောင်ဖို့လိုပြီး ပညာရေးစနစ်က စရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)