ဥပေဒတစ္ခု တရားတယ္၊ မတရားဘူးဆိုတာ ျပည္သူက ဆံုးျဖတ္ရမယ္

0
877

ဥပေဒတစ္ခုက တရားတယ္၊ မတရားဘူးဆိုတာ ေနာက္ဆံုး ျပည္သူလူထုကပဲ ဆံုးျဖတ္ရမွာ ျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ျပည္သူလူထုရဲ႕ နိစၥဓူဝ ဘဝေတြအေပၚမွာ ဘယ္လို သက္ေရာက္မႈ ရွိသလဲ၊ အားလံုးအတြက္ တန္းတူရည္တူ အခြင့္အေရးေပးတဲ့ ဥပေဒေတြ ဟုတ္၊ မဟုတ္ ျပည္သူက ဆံုးျဖတ္ၿပီး လႊတ္ေတာ္က အေကာင္အထည္ ေဖာ္ရမယ္လို႔ ဒီေန႔ မတ္လ ၇ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ တရားဥပေဒ စိုးမိုးေရးအတြက္ တရားမၽွတမႈဆိုင္ရာ ေပါင္းစပ္ညႇိႏႈိင္းေရး ညီလာခံမွာ ေျပာသြားတာ ျဖစ္ပါတယ္။

ဥပေဒကို အဓိပၸာယ္ေဖာ္ဖို႔ကေတာ့ ေရွ႕ေနေတြက ေဖာ္ရမွာ ျဖစ္ေၾကာင္း၊ တရား႐ံုးေရာက္လို႔ စီရင္ခ်က္ ခ်တဲ့အခါ ဥပေဒတစ္ခုေအာက္မွာ သက္ေရာက္မယ့္ အမႈေတြအားလံုးအတြက္ ျပည့္စံု၊ လံုေလာက္မယ္လို႔ ေျပာလို႔ မျဖစ္တဲ့အတြက္ ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဥပဒေတစ်ခု တရားတယ်၊ မတရားဘူးဆိုတာ ပြည်သူက ဆုံးဖြတ်ရမယ်

ဥပဒေတစ်ခုက တရားတယ်၊ မတရားဘူးဆိုတာ နောက်ဆုံး ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်သူလူထုရဲ့ နိစ္စဓူဝ ဘဝတွေအပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိသလဲ၊ အားလုံးအတွက် တန်းတူရည်တူ အခွင့်အရေးပေးတဲ့ ဥပဒေတွေ ဟုတ်၊ မဟုတ် ပြည်သူက ဆုံးဖြတ်ပြီး လွှတ်တော်က အကောင်အထည် ဖော်ရမယ်လို့ ဒီနေ့ မတ်လ ၇ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဥပဒေကို အဓိပ္ပာယ်ဖော်ဖို့ကတော့ ရှေ့နေတွေက ဖော်ရမှာ ဖြစ်ကြောင်း၊ တရားရုံးရောက်လို့ စီရင်ချက် ချတဲ့အခါ ဥပဒေတစ်ခုအောက်မှာ သက်ရောက်မယ့် အမှုတွေအားလုံးအတွက် ပြည့်စုံ၊ လုံလောက်မယ်လို့ ပြောလို့ မဖြစ်တဲ့အတွက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)