ျမင့္တက္ေနတဲ့ စက္သုံးဆီေဈးႏႈန္း မျမင္ရတဲ့လက္နဲ႔ အစိုးရထိန္းခ်ဳပ္မယ္ (႐ုပ္/သံ)

0
873

အစိုးရအေနနဲ႔ စက္သုံးဆီေဈးႏႈန္းကို မျမင္ရတဲ့လက္နဲ႔ ထိန္းခ်ဳပ္ဖို႔လုုပ္မယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ စက္သုံးဆီေဈးႏႈန္းက ျပည္ပႏိုင္ငံေတြထက္ ပိုမိုမ်ားေနတာ ျဖစ္ပါတယ္။ အဲဒီလို စက္သုံးဆီေဈး ႏႈန္းေတြ ျမင့္တက္ေနတာက စက္သုံးဆီသိုေလွာင္သူေတြ လက္ဝါးႀကီးအုပ္ထားတာေၾကာင့္လို႔ ရန္ကုန္တိုင္း ေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

အခုလို စက္သုံးဆီေဈးႏႈန္းျမင့္တက္ေနတာကို ျပန္လည္ထိန္းညိွႏိုင္ဖို႔အတြက္ အစိုးရအေနနဲ႔ မျမင္ရတဲ႔လက္နဲ႔ ထိန္းဖို႔ ျပင္ဆင္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

Soundbite ဦးၿဖိဳးမင္းသိန္း (ဝန္ႀကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

စက္သုံးဆီေတြ ဂါလံသန္းနဲ႔ခ်ီၿပီး သိုေလွာင္ႏိုင္မယ့္ ကုမၸဏီေတြထူေထာင္ႏိုင္ဖို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရ အေနနဲ႔ ႀကိဳးစားေနပါတယ္။ အခုလက္ရွိ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ႔ စက္သုံးဆီေဈးဆိုင္ေတြ ထက္ဝက္က လန ၃၉ မရေသးပဲ ဖြင့္လွစ္ထားတာ ျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

Soundbite ဦးၿဖိဳးမင္းသိန္း (ဝန္ႀကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

လက္ရွိ ရန္ကုန္ၿမိဳ႕အတြင္း ဖြင့္လွစ္ထားတဲ႔ စက္သုံးဆီဆိုင္အေရအတြက္က မႏၱေလးၿမိဳ႕အတြင္း ဖြင့္လွစ္ ထားတဲ႔ စက္သုံးဆီဆိုင္အေရအတြက္ထက္ နည္းပါးေနတာေၾကာင့္ စက္သုံးဆီဆိုင္ေတြ ထပ္မံဖြင့္ႏိုင္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အစိုးရအနေနဲ့ စက်သုံးဆီဈေးနှုန်းကို မမြင်ရတဲ့လက်နဲ့ ထိန်းချုပ်ဖို့လုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရဲ့ စက်သုံးဆီဈေးနှုန်းက ပြည်ပနိုင်ငံတွေထက် ပိုမိုများနေတာ ဖြစ်ပါတယ်။ အဲဒီလို စက်သုံးဆီဈေး နှုန်းတွေ မြင့်တက်နေတာက စက်သုံးဆီသိုလှောင်သူတွေ လက်ဝါးကြီးအုပ်ထားတာကြောင့်လို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။

အခုလို စက်သုံးဆီဈေးနှုန်းမြင့်တက်နေတာကို ပြန်လည်ထိန်းညှိနိုင်ဖို့အတွက် အစိုးရအနေနဲ့ မမြင်ရတဲ့လက်နဲ့ ထိန်းဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။

Soundbite ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

စက်သုံးဆီတွေ ဂါလံသန်းနဲ့ချီပြီး သိုလှောင်နိုင်မယ့် ကုမ္ပဏီတွေထူထောင်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အနေနဲ့ ကြိုးစားနေပါတယ်။ အခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စက်သုံးဆီဈေးဆိုင်တွေ ထက်ဝက်က လန ၃၉ မရသေးပဲ ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။

Soundbite ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

လက်ရှိ ရန်ကုန်မြို့အတွင်း ဖွင့်လှစ်ထားတဲ့ စက်သုံးဆီဆိုင်အရေအတွက်က မန္တလေးမြို့အတွင်း ဖွင့်လှစ် ထားတဲ့ စက်သုံးဆီဆိုင်အရေအတွက်ထက် နည်းပါးနေတာကြောင့် စက်သုံးဆီဆိုင်တွေ ထပ်မံဖွင့်နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)