
0
920




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အကြမ်းဖက် ဘင်္ဂါလီအင်အား အများဆုံး ၂ သောင်းအထိ ရှိနိုင်ကြောင်း တပ်မတော် ထုတ်ပြန်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တော ပဋိပက္ခဖြစ်စဉ်မှာ တပ်မတော်စုံစမ်း စစ်ဆေးရေးအဖွဲ့ရဲ့ စစ်ဆေးဖော်ထုတ်ချက်အရ လုံခြုံရေးစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့ ဘင်္ဂါလီအင်အားဟာ မူလက ၄ ထောင်လို့ ခန့်မှန်းခဲ့ပေမယ့် ၁ သောင်းကျော်ကနေ အများဆုံး ၂ သောင်းအထိ ရှိတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာ တိုက်ခိုက်မှု နောက်ပိုင်း ARSA ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အာဘာအူလ္လာဟာ ကျေးရွာအုပ်စု၊ ကျေးရွာအလိုက် အကြမ်းဖက် ခေါင်းဆောင်တွေကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း၊ ကျေးရွာအလိုက် မော်လဝီဆရာတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အခြေခံပြီး အကြမ်းဖက်အဖွဲ့တွေ ကျယ်ပြန့်စွာ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သြဇာမခံသူတွေ၊ အကြမ်းဖက်သင်တန်း မတက်သူတွေကို လည်လှီးသတ်တာ၊ ကိုရမ်ကျမ်းကိုင်ပြီး ကျမ်းကျိန်ကာ အကြမ်းဖက်အဖွဲ့ထဲ အဓမ္မသွတ်သွင်းခံရတာတွေ ဖော်ထုတ်တွေ့ရှိကြောင်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)