ၿငိမ္းစုစီျပင္ဆင္တဲ့ ဥပေဒၾကမ္း အမ်ိဳးသားလႊတ္ေတာ္ အတည္ျပဳ

0
816

ၿငိမ္းခ်မ္းစြာစုေဝးျခင္းႏွင့္ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆုိင္ရာ ဥပေဒကို ျပင္ဆင္တဲ့ဥပေဒၾကမ္းကို ဒီေန႔ မတ္လ ၇ ရက္မွာ ျပဳလုပ္တဲ့ အမ်ိဳးသားလႊတ္ေတာ္ အစည္းအေဝးက အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီရဲ႕ ျပင္ဆင္ခ်က္ေတြအတိုင္း အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။

ၿငိမ္းစုစီဥပေဒကို ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္းေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာ ျမတ္ဥာဏစိုးက တင္သြင္းခဲ့တာ ျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ ၁၃ ဦးက ေဆြးေႏြးခဲ့ၾကပါတယ္။

ေထာက္ခံေဆြးေႏြးမႈေတြရွိၿပီး ကန္႔ကြက္ေဆြးေႏြးမႈက ပိုမိုမ်ားျပားခဲ့ေပမယ့္ ေနာက္ဆံုး စက္ခလုတ္ႏွိပ္ၿပီး အဆံုးအျဖတ္ ခံယူရာမွာေတာ့ ေထာက္ခံသူ အေရအတြက္ ပိုမိုမ်ားျပားခဲ့တာေၾကာင့္ အမ်ိဳးသားလႊတ္ေတာ္ ဥပေဒၾကမ္း ေကာ္မတီရဲ႕ ျပင္ဆင္ခ်က္မ်ားအတုိင္း ဥပေဒကို အတည္ျပဳႏုိင္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းစုစီပြင်ဆင်တဲ့ ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဒီနေ့ မတ်လ ၇ ရက်မှာ ပြုလုပ်တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်တွေအတိုင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက တင်သွင်းခဲ့တာ ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးခဲ့ကြပါတယ်။

ထောက်ခံဆွေးနွေးမှုတွေရှိပြီး ကန့်ကွက်ဆွေးနွေးမှုက ပိုမိုများပြားခဲ့ပေမယ့် နောက်ဆုံး စက်ခလုတ်နှိပ်ပြီး အဆုံးအဖြတ် ခံယူရာမှာတော့ ထောက်ခံသူ အရေအတွက် ပိုမိုများပြားခဲ့တာကြောင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့ ပြင်ဆင်ချက်များအတိုင်း ဥပဒေကို အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)