အလုပ္သမားဆႏၵျပပြဲေတြမွာ အင္အားသံုးေျဖရွင္းေပးဖို႔ အလုပ္ရွင္ေတြက အစိုးရကိုေတာင္းဆို (႐ုပ္/သံ)

0
860

အလုပ္သမားဆႏၵျပမႈေတြကို အလုပ္ရွင္ေတြဘက္က အင္အားသုံးေျဖရွင္းေပးဖို႔ အစိုးရကို ေတာင္းဆိုခဲ႔တယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထား ပါတယ္။

အလုပ္သမားအခြင့္အေရးအတြက္ ေတာင္းဆိုဆႏၵျပတာေတြ၊ လုပ္ခလစာအတြက္ ေတာင္းဆိုဆႏၵျပတာေတြ ရန္ကုန္ၿမိဳ႕ လႈိင္သာယာစက္မႈဇုန္ထဲမွာ အမ်ားဆုံးျဖစ္ေပၚခဲ႔တာပါ။

အဲဒီလို အလုပ္သမားေတြ ေတာင္းဆိုဆႏၵျပတာေတြကို အလုပ္ရွင္ေတြဘက္က အင္အားသုံးၿဖိဳခြင္းေပးဖို႔ ေတာင္းဆိုခဲ႔တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ဒုတိယသမၼတနဲ႔ ပုဂၢလိကက႑ကိုယ္စားလွယ္ေတြ ေတြ႔ဆုံပြဲမွာ ေျပာပါတယ္။

မတ္လ ၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခန္းမ UMFCCI မွာ ဒုတိယသမၼတဦးျမင့္ေဆြနဲ႔ ပုဂၢလိကက႑ကိုယ္စားလွယ္ေတြ ေတြ႔ဆုံတဲ့ အခမ္းအနား ျပဳလုပ္ခဲ့တာပါ။

Soundbite – ဦးၿဖိဳးမင္းသိန္း (ဝန္ႀကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

ဒါ့အျပင္ လုပ္ငန္းရွင္ေတြ အေနနဲ႔ အလုပ္သမား ေတာင္းဆိုဆႏၵျပမႈေတြကို ရဲတပ္ဖြဲ႔နဲ႔ အင္အားသုံးၿဖိဳခြင္းတာမ်ိဳး အစိုးရဆီကေန ေတာင္းဆိုမႈ မလုပ္သင့္ဘူးလို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က သတိေပးေျပာၾကားခဲ့ပါတယ္။

Soundbite – ဦးၿဖိဳးမင္းသိန္း (ဝန္ႀကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

အလုပ္သမားေတာင္းဆိုဆႏၵျပမႈေတြမွာ ဥပေဒေဘာင္ေက်ာ္လြန္ၿပီး လုပ္ေဆာင္ေတြကိုသာ တားဆီးအေရးယူဖို႔အတြက္ လုပ္ငန္းရွင္ေတြဘက္က ေတာင္းဆိုတာျဖစ္တယ္လို႔ အထည္ခ်ဳပ္လုပ္ငန္းရွင္ ေတြက ေျပာပါတယ္။

Soundbite – ဦးျမင့္စိုး (ဥကၠဌ) ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားအသင္း

အလုပ္သမားအဖြဲ႔အစည္းေတြကလည္း အလုပ္သမားဆႏၵျပမႈ ပုံေဖာ္လုပ္ေဆာင္တာမ်ိဳးေတြ ရွိတာေၾကာင့္ ဥပေဒနဲ႔အညီ အေရးယူသြားမယ္လို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလုပ်သမားဆန္ဒပြမှုတွေကို အလုပ်ရှင်တွေဘက်က အင်အားသုံးဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထား ပါတယ်။

အလုပ်သမားအခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြတာတွေ၊ လုပ်ခလစာအတွက် တောင်းဆိုဆန္ဒပြတာတွေ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ထဲမှာ အများဆုံးဖြစ်ပေါ်ခဲ့တာပါ။

အဲဒီလို အလုပ်သမားတွေ တောင်းဆိုဆန္ဒပြတာတွေကို အလုပ်ရှင်တွေဘက်က အင်အားသုံးဖြိုခွင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒုတိယသမ္မတနဲ့ ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ပြောပါတယ်။

မတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမ UMFCCI မှာ ဒုတိယသမ္မတဦးမြင့်ဆွေနဲ့ ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့ အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite – ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ဒါ့အပြင် လုပ်ငန်းရှင်တွေ အနေနဲ့ အလုပ်သမား တောင်းဆိုဆန္ဒပြမှုတွေကို ရဲတပ်ဖွဲ့နဲ့ အင်အားသုံးဖြိုခွင်းတာမျိုး အစိုးရဆီကနေ တောင်းဆိုမှု မလုပ်သင့်ဘူးလို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က သတိပေးပြောကြားခဲ့ပါတယ်။

Soundbite – ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

အလုပ်သမားတောင်းဆိုဆန္ဒပြမှုတွေမှာ ဥပဒေဘောင်ကျော်လွန်ပြီး လုပ်ဆောင်တွေကိုသာ တားဆီးအရေးယူဖို့အတွက် လုပ်ငန်းရှင်တွေဘက်က တောင်းဆိုတာဖြစ်တယ်လို့ အထည်ချုပ်လုပ်ငန်းရှင် တွေက ပြောပါတယ်။

Soundbite – ဦးမြင့်စိုး (ဥက္ကဌ) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း

အလုပ်သမားအဖွဲ့အစည်းတွေကလည်း အလုပ်သမားဆန္ဒပြမှု ပုံဖော်လုပ်ဆောင်တာမျိုးတွေ ရှိတာကြောင့် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)