
0
800




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ် အစည်းအဝေး တပ်ချုပ် တက်ရောက်မယ်

(၁၅) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (15th ACDFIM) တက်ရောက်ဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ နေပြည်တော်ကနေ စင်ကာပူကို ရောက်ရှိသွားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး မစ္စက် ဗနက်ဆာ ချန်းလည်း လိုက်ပါ ပို့ဆောင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေ့လယ်ပိုင်းမှာ စင်ကာပူတပ်မတော် ပါယာ လေဘာ လေတပ်အခြေစိုက်စခန်းကို ရောက်ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစည်းအဝေး ကာလအတွင်း အာဆီယံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တွေနဲ့ နှစ်နိုင်ငံ သီးခြားစီ တွေ့ဆုံဆွေးနွေးတာတွေ လုပ်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)