
0
826



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သောင်တင်နေတဲ့ စက်လှေပေါ်က ကျွဲအရှင် ၁၄ ကောင်၊ အသေ ၁၇ ကောင် တွေ့

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်ဝရှိ နံ့သာကျွန်းအနီး သောင်တင်နေတဲ့ လှေထဲကနေ ကျွဲအရှင် ၁၄ ကောင်နဲ့ ရေနစ်သေဆုံးနေတဲ့ ကျွဲ ၁၇ ကောင်တို့ကို တပ်မတော် (ရေ) က တွေ့ရှိခဲ့ပါတယ်။

အလျား ၆၆ ပေ၊ အနံ ၂၃ ပေရှိ အင်ဂျင်တပ် လှေပေါ်ကနေ ကျွဲတွေကို ပိုင်ရှင်မဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး ကျွဲအရှင် ၁၄ ကောင်ကို ဒေသခံ လှေ ၂ စီးနဲ့ သယ်ယူကာ စစ်တွေမြို့၊ ရေချမ်းပြင် ရဲကင်းစခန်းမှူးထံ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)