ရန္ကုန္၊ မႏၱေလးနဲ႔ ပုဂံတို႔မွာ ႏိုင္ငံျခားသားေတြ ေသဆံုးမႈ ျဖစ္ခဲ့

0
241

ရန္ကုန္ၿမိဳ႕မွာ ျပင္သစ္ႏိုင္ငံသား တစ္ဦး၊ မႏၱေလးၿမိဳ႕မွာ အေမရိကန္ ႏိုင္ငံသား တစ္ဦးနဲ႔ ပုဂံမွာ ကေနဒါ ႏိုင္ငံသား တစ္ဦးတို႔ သီးျခားစီ ေသဆံုးမႈ ျဖစ္ပြားခဲ့ပါတယ္။

မတ္လ ၄ ရက္ေန႔က ဖႏြမ္းပင္ကေန ဒူဘိုင္းကိုသြားတဲ့ Emirates ေလေၾကာင္းလိုင္းပိုင္ ေလယာဥ္ေပၚမွာ ျပင္သစ္ႏိုင္ငံသား မစၥတာ အာဘယ္လီယာ သီရာရီ (၄၅ ႏွစ္) ဗိုက္ေအာင့္ ေသြးအန္လို႔ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ေလယာဥ္ ဆင္းသက္ၿပီး ေျမာက္ဥကၠလာရွိ OSC ေဆး႐ံု၊ မရမ္းကုန္းၿမိဳ႕နယ္ ပါရမီအထူးကု ေဆး႐ုံတို႔ကတစ္ဆင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကို အဆင့္ဆင့္ လႊဲေျပာင္း ကုသခဲ့ပါတယ္။ ဒါေပမယ့္ မတ္လ ၅ ရက္ေန႔မွာ ေသဆံုးသြားတဲ့အတြက္ ရင္ခြဲစစ္ေဆးရာမွာ အသဲေျခာက္ေရာဂါနဲ႔ အစာျပြန္ ေသြးေၾကာေပါက္ၿပီး ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

မတ္လ ၁ ရက္ေန႔က မႏၱေလးၿမိဳ႕မွာ အေမရိကန္ ႏိုင္ငံသား မစၥတာ ကမ္မီရီ ဘရန္ဒန္ ဂြ်န္ (၃၁ ႏွစ္) ဟာ Mr.Bar B.Q စားေသာက္ဆိုင္မွာ ညေနစာ စားစဥ္ အသက္ရႉ ၾကပ္လာတဲ့အတြက္ မႏၲေလးေဆး႐ုံႀကီးမွာ ကုသမႈခံယူစဥ္ ေသဆုံးသြားပါတယ္။ အေလာင္းကို ရင္ခြဲစစ္ေဆးခ်က္အရ ေသဆုံးရျခင္းအေၾကာင္းရင္းအား ထင္ျမင္ခ်က္ မေပးႏိုင္လို႔ ေသြး၊ အစာအိမ္အရည္၊ အသားစတို႔ကို ဓာတ္ခြဲစမ္းသပ္ေနပါတယ္။

ကေနဒါ ႏိုင္ငံသား မစၥတာ ဖာရြတ္ ဒီဒီယာ (၆၀ ႏွစ္) ကေတာ့ ပုဂံၿမိဳ႕သစ္၊ မဏိစႏၵာ ဟုိတယ္မွာ တည္းခိုရာက ေဖေဖာ္ဝါရီလ ၂၇ မွာ ေသြးတိုး၊ ေလျဖတ္ေရာဂါ ျဖစ္ပြားၿပီး ေညာင္ဦးေဆး႐ံုကေန မႏၱေလးေဆး႐ံုကို လႊဲေျပာင္း ပို႔ေဆာင္စဥ္ ေသဆံုးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်၊ မန္တလေးနဲ့ ပုဂံတို့မှာ နိုင်ငံခြားသားတွေ သေဆုံးမှု ဖြစ်ခဲ့

ရန်ကုန်မြို့မှာ ပြင်သစ်နိုင်ငံသား တစ်ဦး၊ မန္တလေးမြို့မှာ အမေရိကန် နိုင်ငံသား တစ်ဦးနဲ့ ပုဂံမှာ ကနေဒါ နိုင်ငံသား တစ်ဦးတို့ သီးခြားစီ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

မတ်လ ၄ ရက်နေ့က ဖနွမ်းပင်ကနေ ဒူဘိုင်းကိုသွားတဲ့ Emirates လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ ပြင်သစ်နိုင်ငံသား မစ္စတာ အာဘယ်လီယာ သီရာရီ (၄၅ နှစ်) ဗိုက်အောင့် သွေးအန်လို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ် ဆင်းသက်ပြီး မြောက်ဥက္ကလာရှိ OSC ဆေးရုံ၊ မရမ်းကုန်းမြို့နယ် ပါရမီအထူးကု ဆေးရုံတို့ကတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အဆင့်ဆင့် လွှဲပြောင်း ကုသခဲ့ပါတယ်။ ဒါပေမယ့် မတ်လ ၅ ရက်နေ့မှာ သေဆုံးသွားတဲ့အတွက် ရင်ခွဲစစ်ဆေးရာမှာ အသဲခြောက်ရောဂါနဲ့ အစာပြွန် သွေးကြောပေါက်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မတ်လ ၁ ရက်နေ့က မန္တလေးမြို့မှာ အမေရိကန် နိုင်ငံသား မစ္စတာ ကမ်မီရီ ဘရန်ဒန် ဂျွန် (၃၁ နှစ်) ဟာ Mr.Bar B.Q စားသောက်ဆိုင်မှာ ညနေစာ စားစဉ် အသက်ရှူ ကြပ်လာတဲ့အတွက် မန္တလေးဆေးရုံကြီးမှာ ကုသမှုခံယူစဉ် သေဆုံးသွားပါတယ်။ အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ သေဆုံးရခြင်းအကြောင်းရင်းအား ထင်မြင်ချက် မပေးနိုင်လို့ သွေး၊ အစာအိမ်အရည်၊ အသားစတို့ကို ဓာတ်ခွဲစမ်းသပ်နေပါတယ်။

ကနေဒါ နိုင်ငံသား မစ္စတာ ဖာရွတ် ဒီဒီယာ (၆၀ နှစ်) ကတော့ ပုဂံမြို့သစ်၊ မဏိစန္ဒာ ဟိုတယ်မှာ တည်းခိုရာက ဖေဖော်ဝါရီလ ၂၇ မှာ သွေးတိုး၊ လေဖြတ်ရောဂါ ဖြစ်ပွားပြီး ညောင်ဦးဆေးရုံကနေ မန္တလေးဆေးရုံကို လွှဲပြောင်း ပို့ဆောင်စဉ် သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)