ပုသိမ္ႀကီးၿမိဳ႕နယ္မွာ ေပါက္ကြဲေစတတ္တဲ့ ပစၥည္းေတြ ဖမ္းမိ

0
973

မႏၱေလးတိုင္း၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ေခ်ာ စစ္ေဆးေရးဂိတ္မွာ လွ်ပ္စစ္ဒီတိုေနတာ (ကတ္သီး) ႀကိဳး ၆၆၇၀၀ ေခ်ာင္း၊ ယမ္းေပ်ာ့ ၁၉၁၉၀ ေခ်ာင္းနဲ႔ ယမ္းႀကိဳးပါ မီး႐ိႈ႕ ဒီတိုေနတာ ၄၅၀၀ ေခ်ာင္းတို႔ကို သိမ္းဆည္းရမိခဲ့ပါတယ္။

မေန႔က မတ္လ ၆ ရက္ေန႔ (၁၆) မိုင္ ေက်ာက္ေခ်ာ စစ္ေဆးေရးဂိတ္မွာ ရဲတပ္ဖြဲ႔နဲ႔ အေကာက္ခြန္တို႔ပါဝင္တဲ့ ပူးေပါင္းအဖြဲ႔က ဝင္းတင္ (၄၆ ႏွစ္) ေမာင္းႏွင္တဲ့ ၆ ဘီးယာဥ္ကို ရပ္တန္႔စစ္ေဆးရာမွာ ေက်ာက္မီးေသြးေတြနဲ႔ ဖံုးအုပ္ထားတဲ့ ဆာလာအိတ္ေတြထဲကေန ေပါက္ကြဲေစတတ္တဲ့ ပစၥည္းေတြ ေတြ႔ရွိတာ ျဖစ္ပါတယ္။

ယာဥ္ေမာင္း ဝင္းတင္ကို အုန္းေခ်ာနယ္ေျမရဲစခန္းက ဖမ္းဆီး အမႈဖြင့္ထားၿပီး ကြင္းဆက္ တရားခံ ဖမ္းမိေရး စံုစမ္းစစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုသိမ်ကြီးမြို့နယ်မှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ဖမ်းမိ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချော စစ်ဆေးရေးဂိတ်မှာ လျှပ်စစ်ဒီတိုနေတာ (ကတ်သီး) ကြိုး ၆၆၇၀ဝ ချောင်း၊ ယမ်းပျော့ ၁၉၁၉၀ ချောင်းနဲ့ ယမ်းကြိုးပါ မီးရှို့ ဒီတိုနေတာ ၄၅၀ဝ ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

မနေ့က မတ်လ ၆ ရက်နေ့ (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးဂိတ်မှာ ရဲတပ်ဖွဲ့နဲ့ အကောက်ခွန်တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဝင်းတင် (၄၆ နှစ်) မောင်းနှင်တဲ့ ၆ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာမှာ ကျောက်မီးသွေးတွေနဲ့ ဖုံးအုပ်ထားတဲ့ ဆာလာအိတ်တွေထဲကနေ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တွေ့ရှိတာ ဖြစ်ပါတယ်။

ယာဉ်မောင်း ဝင်းတင်ကို အုန်းချောနယ်မြေရဲစခန်းက ဖမ်းဆီး အမှုဖွင့်ထားပြီး ကွင်းဆက် တရားခံ ဖမ်းမိရေး စုံစမ်းစစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)