ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းေတြမွာ ေတာ႐ိုင္းတိရစာၱန္ အႏၱရာယ္ ရွိေန

0
875

ကုလသမဂၢ စာရင္းအရ ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းေတြမွာ မြတ္စလင္ ဒုကၡသည္ ၆ သိန္း ၇ ေသာင္း ရွိေနၿပီး ဒုကၡသည္ေတြ ထူထပ္စြာ ရွိေနတာေၾကာင့္ ဌာေန ေတာ႐ိုင္းတိရစာၦန္ေတြရဲ႕ အႏၱရာယ္ ရိွေနတယ္လို႔ ကုလသမဂၢက သတိေပးထားပါတယ္။

ေကာက္ဘဇားရွိ ကူတူပါေလာင္ ဒုကၡသည္စခန္းမွာ လူ ၅ သိန္း ၆ ေသာင္း ရွိေနၿပီး ကမာၻ႔အႀကီးဆံုး ဒုကၡသည္စခန္း ျဖစ္ပါတယ္။ ကူတူပါေလာင္ ဒုကၡသည္စခန္း တည္ထားတဲ့ ေနရာဟာ အာရွဆင္ေတြရဲ႕ အေရးပါတဲ့ က်က္စားရာ ေနရာလည္း ျဖစ္ပါတယ္။ အဲဒီ ဧရိယာအတြင္းမွာ ဆင္႐ိုင္း အေကာင္ ၄၀ ရွိၿပီး ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ၾကားမွာ အစာရွာေဖြေလ့ ရွိၾကပါတယ္။

ဆင္ေတြ အစာရွာရင္း ဒုကၡသည္စခန္းကို ေရာက္လာခဲ့ရင္ အႏၱရာယ္ ရွိပါတယ္။ ဒုကၡသည္စခန္းအတြင္း ေရာက္လာတဲ့ ေၾကာက္လန္႔ေနတဲ့ ဆင္ေတြေၾကာင့္ ေသဆံုးသူ ဒုကၡသည္ ၁၀ ဦးရွိသြားၿပီ ျဖစ္ၿပီး ပစၥည္းဥစၥာေတြလည္း ပ်က္စီးဆံုး႐ံႈးမႈ ရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာ တောရိုင်းတိရစ္တာန် အန္တရာယ် ရှိနေ

ကုလသမဂ္ဂ စာရင်းအရ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာ မွတ်စလင် ဒုက္ခသည် ၆ သိန်း ၇ သောင်း ရှိနေပြီး ဒုက္ခသည်တွေ ထူထပ်စွာ ရှိနေတာကြောင့် ဌာနေ တောရိုင်းတိရစ္ဆာန်တွေရဲ့ အန္တရာယ် ရှိနေတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

ကောက်ဘဇားရှိ ကူတူပါလောင် ဒုက္ခသည်စခန်းမှာ လူ ၅ သိန်း ၆ သောင်း ရှိနေပြီး ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်ပါတယ်။ ကူတူပါလောင် ဒုက္ခသည်စခန်း တည်ထားတဲ့ နေရာဟာ အာရှဆင်တွေရဲ့ အရေးပါတဲ့ ကျက်စားရာ နေရာလည်း ဖြစ်ပါတယ်။ အဲဒီ ဧရိယာအတွင်းမှာ ဆင်ရိုင်း အကောင် ၄၀ ရှိပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ အစာရှာဖွေလေ့ ရှိကြပါတယ်။

ဆင်တွေ အစာရှာရင်း ဒုက္ခသည်စခန်းကို ရောက်လာခဲ့ရင် အန္တရာယ် ရှိပါတယ်။ ဒုက္ခသည်စခန်းအတွင်း ရောက်လာတဲ့ ကြောက်လန့်နေတဲ့ ဆင်တွေကြောင့် သေဆုံးသူ ဒုက္ခသည် ၁၀ ဦးရှိသွားပြီ ဖြစ်ပြီး ပစ္စည်းဥစ္စာတွေလည်း ပျက်စီးဆုံးရှုံးမှု ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)