ကေလးသူငယ္ေတြနဲ႔ ပတ္သက္လို႔ ျမန္မာ၊ အစၥေရးတို႔ကို အမည္ပ်က္စာရင္း သြင္းဖို႔ ေတာင္းဆို

0
821

ျမန္မာ၊ အစၥေရးနဲ႔ အာဖဂန္ နစၥတန္ႏိုင္ငံေတြက အစိုးရတပ္ေတြကို ကေလးသူငယ္ အခြင့္အေရး ခ်ိဳးေဖာက္မႈေၾကာင့္ အမည္ပ်က္စာရင္း သြင္းဖို႔ ပဋိပကၡမွာ ပိတ္မိေနတဲ့ ကေလးသူငယ္မ်ားဆိုင္ရာ လႈပ္ရွားသူေတြက ကုသလမဂၢ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂတ္တာရက္ဇ္ကို ေတာင္းဆိုလိုက္ပါတယ္။

ကေလးသူငယ္မ်ားႏွင့္ လက္နက္ကို ပဋိပကၡ ေစာင့္ၾကည့္ေရးအဖြဲ႔က မစၥတာ ဂတ္တာရက္ဇ္ကို ေတာင္းဆိုတာျဖစ္ၿပီး ဗဟို အာဖရိက သမၼတႏိုင္ငံ၊ ကြန္ဂို အမ်ိဳးသားရဲတပ္ဖြဲ႕၊ မာလီ အတိုက္အခံအဖြဲ႔နဲ႔ ေတာင္ ဆူဒန္ အဓိက အတိုက္အခံအဖြဲ႕ေတြကိုလည္း အမည္ပ်က္ စာရင္းထဲထည့္ဖို႔လည္း ေတာင္းဆိုထားပါေသးတယ္။

အဲဒီ အဖြဲ႔ရဲ႕ အစီရင္ခံစာထဲမွာ ကာ့ဒ္သူပုန္ အဖြဲ႔ေတြ၊ ဆိုမာလီယာရွိ အာဖရီက ယူနီယံတပ္ဖြဲ႔၊ ဆီးရီးယားကို တိုက္ေနတဲ့ ညြန္႔ေပါင္း တပ္ဖြဲ႔နဲ႔ ဖိလစ္ပိုင္ရွိ လက္နက္ကိုင္ တပ္ဖြဲ႕ေတြကိုလည္း အမည္ပ်က္ စာရင္း သြင္းသင့္ မသြင္းသင့္ ဆံုးျဖတ္ဖို႔ တိုက္တြန္းထားပါေသးတယ္။ ကုလ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ကေလးသူငယ္မ်ားနဲ႔ လက္နက္ကိုင္ ပဋိပကၡ ႏွစ္ပတ္လည္ အစီရင္ခံစာမွာ အမည္ပ်က္စာရင္းဟာလည္း အစိတ္အပိုင္းတစ္ရပ္ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးသူငယ်တွေနဲ့ ပတ်သက်လို့ မြန်မာ၊ အစ္စရေးတို့ကို အမည်ပျက်စာရင်း သွင်းဖို့ တောင်းဆို

မြန်မာ၊ အစ္စရေးနဲ့ အာဖဂန် နစ္စတန်နိုင်ငံတွေက အစိုးရတပ်တွေကို ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုကြောင့် အမည်ပျက်စာရင်း သွင်းဖို့ ပဋိပက္ခမှာ ပိတ်မိနေတဲ့ ကလေးသူငယ်များဆိုင်ရာ လှုပ်ရှားသူတွေက ကုသလမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂတ်တာရက်ဇ်ကို တောင်းဆိုလိုက်ပါတယ်။

ကလေးသူငယ်များနှင့် လက်နက်ကို ပဋိပက္ခ စောင့်ကြည့်ရေးအဖွဲ့က မစ္စတာ ဂတ်တာရက်ဇ်ကို တောင်းဆိုတာဖြစ်ပြီး ဗဟို အာဖရိက သမ္မတနိုင်ငံ၊ ကွန်ဂို အမျိုးသားရဲတပ်ဖွဲ့၊ မာလီ အတိုက်အခံအဖွဲ့နဲ့ တောင် ဆူဒန် အဓိက အတိုက်အခံအဖွဲ့တွေကိုလည်း အမည်ပျက် စာရင်းထဲထည့်ဖို့လည်း တောင်းဆိုထားပါသေးတယ်။

အဲဒီ အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ကာ့ဒ်သူပုန် အဖွဲ့တွေ၊ ဆိုမာလီယာရှိ အာဖရီက ယူနီယံတပ်ဖွဲ့၊ ဆီးရီးယားကို တိုက်နေတဲ့ ညွန့်ပေါင်း တပ်ဖွဲ့နဲ့ ဖိလစ်ပိုင်ရှိ လက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း အမည်ပျက် စာရင်း သွင်းသင့် မသွင်းသင့် ဆုံးဖြတ်ဖို့ တိုက်တွန်းထားပါသေးတယ်။ ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင် ပဋိပက္ခ နှစ်ပတ်လည် အစီရင်ခံစာမှာ အမည်ပျက်စာရင်းဟာလည်း အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)