
0
774





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သတင်းအမှားတွေက တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေတယ်လို့ ပြန်ကြားရေး ဝန်ကြီး ပြော

သတင်းအမှားတွေက တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောပါတယ်။

ရန်ကုန်မြို့၊ Sky Star Hotel မှာ မတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ (၁၉) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေး ဆပ်ကော်မတီ အစည်းအဝေး ဖွင့်ပွဲမှာ ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လူမှုမီဒီယာရဲ့ လျှင်မြန်တဲ့ သတင်းအမှားတွေနဲ့ သတင်းအတုတွေရဲ့ ဒဏ်ကို နိုင်ငံတိုင်းမှာ ခံစားနေရပြီး အဲ့ဒီ သတင်းအမှားတွေက တည်ငြိမ်အေးချမ်းရေးကို ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လူငယ်တွေကို မီဒီယာ ကျွမ်းကျင်စေဖို့၊ မာလ်တီ မီဒီယာ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆိုက်ဘာ လုံခြုံမှု အသိပညာတွေ ပေးဖို့ ဆောင်ရွက်မယ်လို့ ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)