ၿမိတ္ၿမိဳ႕မွာ ေခတ္မီ မီးသတ္ယာဥ္ေတြ လိုအပ္ေန

0
849

တနသၤာရီတိုင္း၊ ၿမိတ္ၿမိဳ႕နယ္အတြင္း အထပ္ျမင့္ အေဆာက္အံုေတြ မ်ားျပားလာတာေၾကာင့္ မီးေဘး အႏၱရာယ္ ႀကံဳလာရင္ အထပ္ျမင့္ အေဆာက္အအံုေတြကို မီးၿငိႇမ္းသတ္ဖို႔ ေခတ္မီ မီးသတ္ယာဥ္ေတြ မရွိဘူးလို႔ ခ႐ိုင္ မီးသတ္ဦးစီးမွဴး ဦးေဇာ္ဝင္းက ေျပာပါတယ္။

လက္ရွိမွာ ၿမိတ္ၿမိဳ႕နယ္အတြင္း အထပ္ျမင့္ အေဆာက္ အအုံ ၂ဝဝ ေက်ာ္ ရွိေနၿပီး အဲ့ဒီထက္ျမင့္တဲ့ အေဆာက္အအုံေတြလည္း ရွိလာႏိုင္တဲ့အတြက္ အထပ္ျမင့္ အေဆာက္အအံုေတြမွာ မီးေဘးအႏၱရာယ္ ႀကံဳလာခဲ့ရင္ လက္ရွိ မီးသတ္ယာဥ္ေတြနဲ႔ မီးၿငိႇမ္းသတ္ႏိုင္ဖို႔ အခက္အခဲ ရွိေနတာျဖစ္ၿပီး ေခတ္မီ အဆင့္ျမင့္ မီးသတ္ယာဥ္တစ္စီး လိုအပ္ေနတယ္လို႔ ခ႐ိုင္ မီးသတ္ဦးစီးမွဴး ဦးေဇာ္ဝင္းက ေျပာလိုက္တာ ျဖစ္ပါတယ္။

ၿမိတ္ၿမိဳ႕မွာ အထပ္ျမင့္ အေဆာက္အအုံေတြျဖစ္တဲ့ သုံးထပ္ ၁ဝ၆ လုံး၊ ေလးထပ္ ၄၄ လုံး၊ ငါးထပ္ ၄၆ လုံး၊ ေျခာက္ထပ္ ၁၅ လုံး၊ ခုနစ္ထပ္ ၇ လံုး၊ ရွစ္ထပ္ ၁ လံုးနဲ႔ ကိုးထပ္ ၂ လံုး စုစုေပါင္း အထပ္ျမင့္အေဆာက္အအုံ ၂၂၁ လုံး ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြိတ်မြို့မှာ ခေတ်မီ မီးသတ်ယာဉ်တွေ လိုအပ်နေ

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်း အထပ်မြင့် အဆောက်အုံတွေ များပြားလာတာကြောင့် မီးဘေး အန္တရာယ် ကြုံလာရင် အထပ်မြင့် အဆောက်အအုံတွေကို မီးငြှိမ်းသတ်ဖို့ ခေတ်မီ မီးသတ်ယာဉ်တွေ မရှိဘူးလို့ ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောပါတယ်။

လက်ရှိမှာ မြိတ်မြို့နယ်အတွင်း အထပ်မြင့် အဆောက် အအုံ ၂ဝဝ ကျော် ရှိနေပြီး အဲ့ဒီထက်မြင့်တဲ့ အဆောက်အအုံတွေလည်း ရှိလာနိုင်တဲ့အတွက် အထပ်မြင့် အဆောက်အအုံတွေမှာ မီးဘေးအန္တရာယ် ကြုံလာခဲ့ရင် လက်ရှိ မီးသတ်ယာဉ်တွေနဲ့ မီးငြှိမ်းသတ်နိုင်ဖို့ အခက်အခဲ ရှိနေတာဖြစ်ပြီး ခေတ်မီ အဆင့်မြင့် မီးသတ်ယာဉ်တစ်စီး လိုအပ်နေတယ်လို့ ခရိုင် မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက ပြောလိုက်တာ ဖြစ်ပါတယ်။

မြိတ်မြို့မှာ အထပ်မြင့် အဆောက်အအုံတွေဖြစ်တဲ့ သုံးထပ် ၁ဝ၆ လုံး၊ လေးထပ် ၄၄ လုံး၊ ငါးထပ် ၄၆ လုံး၊ ခြောက်ထပ် ၁၅ လုံး၊ ခုနစ်ထပ် ၇ လုံး၊ ရှစ်ထပ် ၁ လုံးနဲ့ ကိုးထပ် ၂ လုံး စုစုပေါင်း အထပ်မြင့်အဆောက်အအုံ ၂၂၁ လုံး ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)