အိမ္ရာ မဝယ္ႏိုင္တဲ့ ျပည္သူနဲ႔ ဝန္ထမ္းေတြအတြက္ အငွားအိမ္ရာစနစ္နဲ႔ ၅ ႏွစ္အထိ ငွားေပးမယ္

0
865

အိမ္ရာ လံုးဝ မဝယ္ယူႏိုင္တဲ့ ျပည္သူေတြ၊ ဝန္ထမ္းေတြအတြက္ အငွားအိမ္ရာစနစ္နဲ႔ အမ်ားဆံုး ၅ ႏွစ္အထိ ငွားေပးမယ္ အစီအစဥ္ရွိၿပီး ငွားရမ္းခကိုလည္း သင့္တင့္တဲ့ ႏႈန္းထားနဲ႔ သတ္မွတ္ေကာက္ခံမွာ ျဖစ္ပါတယ္။

မေန႔က မတ္လ ၆ ရက္ ေနျပည္ေတာ္မွာ က်င္းပတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝးမွာ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေက်ာ္လင္းက ေျပာသြားတာ ျဖစ္ပါတယ္။ ငွားရမ္းမႈ ၅ ႏွစ္ျပည့္ရင္ အငွားအိမ္ရာကေန အေရာင္းအိမ္ရာကို ေျပာင္းေရႊ႕ဝယ္ယူႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးမယ္လို႔လည္း သူက ေျပာပါတယ္။

ဝင္ေငြနည္းျပည္သူေတြ အိမ္ရာ ဝယ္ယူႏိုင္ေရးအတြက္ ရန္ကုန္ၿမိဳ႕မွာ လိႈင္သာယာ၊ ေရႊျပည္သာ၊ ဒဂံုၿမိဳ႕သစ္ နဲ႔ မႏၱေလးၿမိဳ႕မွာ ျမရည္နႏၵာ၊ မယ္ကင္းကုန္းတို႔မွာ ေရာင္းခ်ေပးမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိမ်ရာ မဝယ်နိုင်တဲ့ ပြည်သူနဲ့ ဝန်ထမ်းတွေအတွက် အငှားအိမ်ရာစနစ်နဲ့ ၅ နှစ်အထိ ငှားပေးမယ်

အိမ်ရာ လုံးဝ မဝယ်ယူနိုင်တဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေအတွက် အငှားအိမ်ရာစနစ်နဲ့ အများဆုံး ၅ နှစ်အထိ ငှားပေးမယ် အစီအစဉ်ရှိပြီး ငှားရမ်းခကိုလည်း သင့်တင့်တဲ့ နှုန်းထားနဲ့ သတ်မှတ်ကောက်ခံမှာ ဖြစ်ပါတယ်။

မနေ့က မတ်လ ၆ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက ပြောသွားတာ ဖြစ်ပါတယ်။ ငှားရမ်းမှု ၅ နှစ်ပြည့်ရင် အငှားအိမ်ရာကနေ အရောင်းအိမ်ရာကို ပြောင်းရွှေ့ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမယ်လို့လည်း သူက ပြောပါတယ်။

ဝင်ငွေနည်းပြည်သူတွေ အိမ်ရာ ဝယ်ယူနိုင်ရေးအတွက် ရန်ကုန်မြို့မှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် နဲ့ မန္တလေးမြို့မှာ မြရည်နန္ဒာ၊ မယ်ကင်းကုန်းတို့မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)