
0
854




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်တွေ နေရပ်ပြန်လို့ မဖြစ်သေးဘူးလို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ပြော

လူမျိုးစု ရှင်းလင်းရေးတွေ ဆက်ဖြစ်နေလို့ ဒုက္ခသည်တွေ နေရပ်ကို လုံခြုံစွာပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူး အင်ဒရူး ဂီလ်မောက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို ၄ ရက်ကြာ သွားရောက်တဲ့ ခရီးစဉ်အတွင်း ဒုက္ခသည်တွေက သူတို့ကို သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာ၊ နှိပ်စက်နဲ့ အငတ်ထားတာတွေ လုပ်တယ်လို့ ပြောကြောင်း မစ္စတာ ဂီလ်မောက ပြောပါတယ်။

လုံလုံခြုံခြုံ၊ သိက္ခာ ရှိရှိနဲ့ အဆက်မပြတ် နေရပ်ပြန်ရေးက အခုလက်ရှိ အခြေအနေမှာ မဖြစ်နိုင်သေးဘူးလို့လည်း မစ္စတာ ဂီလ်မောက မောနင်းစတား သတင်းဌာနကို ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)