အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး သင္႐ိုးညႊန္းတမ္း ေရးဆြဲဖို႔ ထိုင္းနဲ႔ ျမန္မာ ေဆြးေႏြး

0
916

အသက္ေမြးဝမ္းေက်ာင္း ပညာသင္ေက်ာင္းေတြနဲ႔ တကၠသိုလ္ေတြမွာ အဂတိလိုက္စားမႈ တားဆီးကာကြယ္ တိုက္ဖ်က္ေရး သင္႐ိုးညႊန္းတမ္း ေရးဆြဲေရးကိစၥကို ျမန္မာႏိုင္ငံ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္နဲ႔ ထိုင္းႏိုင္ငံ အမ်ိဳးသား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္တို႔ ေတြ႔ဆံု ေဆြးေႏြးပါတယ္။

ထိုင္းႏိုင္ငံကို ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံ အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ဥကၠ႒ ဦးေအာင္ၾကည္နဲ႔ ထိုင္းအမ်ိဳးသား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ ဥကၠ႒ မစၥတာ ဝပ္ခ်ာရာပူးလ္ ပရာဆန္ရက္ဂ်္ကစ္တို႔ မေန႔က မတ္လ ၆ ရက္ေန႔မွာ ေတြ႔ဆံုေဆြးေႏြးတာ ျဖစ္ပါတယ္။

ေတြ႔ဆံုပြဲမွာ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး အျပန္အလွန္ ပူးေပါင္းမႈ၊ ျပည္သူလူထုကို အသိပညာေပးမႈ၊ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး မဟာဗ်ဴဟာ ခ်မွတ္ေရးနဲ႔ စပ္လ်ဥ္းတဲ့ သေဘာထားအျမင္ေတြကို ေဆြးေႏြးၾကပါတယ္။ ေဆြးေႏြးပြဲကို မူးယစ္ေဆးဝါးႏွင့္ ျပစ္မႈဆိုင္ရာ ကုလသမဂၢ႐ံုးက ျမန္မာႏိုင္ငံ မန္ေနဂ်ာ မစၥတာ ထ႐ိုယယ္လ္ ဗက္စတာလည္း တက္ေရာက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အဂတိလိုက်စားမှု တိုက်ဖျက်ရေး သင်ရိုးညွှန်းတမ်း ရေးဆွဲဖို့ ထိုင်းနဲ့ မြန်မာ ဆွေးနွေး

အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ အဂတိလိုက်စားမှု တားဆီးကာကွယ် တိုက်ဖျက်ရေး သင်ရိုးညွှန်းတမ်း ရေးဆွဲရေးကိစ္စကို မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ ထိုင်းနိုင်ငံ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ တွေ့ဆုံ ဆွေးနွေးပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ ထိုင်းအမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဝပ်ချာရာပူးလ် ပရာဆန်ရက်ဂျ်ကစ်တို့ မနေ့က မတ်လ ၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အပြန်အလှန် ပူးပေါင်းမှု၊ ပြည်သူလူထုကို အသိပညာပေးမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာ ချမှတ်ရေးနဲ့ စပ်လျဉ်းတဲ့ သဘောထားအမြင်တွေကို ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲကို မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံးက မြန်မာနိုင်ငံ မန်နေဂျာ မစ္စတာ ထရိုယယ်လ် ဗက်စတာလည်း တက်ရောက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)