နတ္ျမစ္မွာ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ ကင္းလွည့္မႈ စတင္

0
883

ျမန္မာႏိုင္ငံ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔ (BGP) နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံ နယ္ျခားေစာင့္ တပ္ဖြဲ႔ (BGB) တို႔ ပူးေပါင္းၿပီး နတ္ျမစ္မွာ ကင္းလွည့္မႈကို မေန႔က မတ္လ ၆ ရက္ေန႔မွာ စတင္ပါတယ္။

ႏွစ္နိုင္ငံ နယ္ျခားေစာင့္တပ္ေတြ နတ္ျမစ္မွာ မနက္ ၁၁ နာရီကေန ညေန ၅ နာရီအထိ ကင္းလွည့္ၾကတာ ျဖစ္ပါတယ္။ ျဖစ္ေနတဲ့ အက်ပ္အတည္းနဲ႔ ပတ္သက္လို႔ နယ္စပ္ကို အေျချပဳၿပီး ျဖစ္လာႏိုင္တဲ့ ဘယ္အေျခအေနကို မဆို တားဆီးႏိုင္ဖို႔ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ၾကား ေရေၾကာင္းတစ္ေလွ်ာက္ ႏွစ္ႏိုင္ငံ နယ္ျခားေစာင့္တပ္ေတြ ကင္းလွည့္တာ ျဖစ္ပါတယ္လို႔ BGB က ဒုဗိုလ္မႉးႀကီး အာဆာဒက္ဇ္မန္း ေခ်ာင္ဒူရီက ေျပာပါတယ္။

ပထမဆံုးအႀကိမ္ ကင္းလွည့္ခ်ိန္မွာ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္က တပ္ဖြဲ႔ဝင္ ၁၃ ဦးနဲ႔ ျမန္မာ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႔က တပ္ဖြဲ႔ဝင္ ၁၆ ဦး ပါဝင္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နတ်မြစ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကင်းလှည့်မှု စတင်

မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ (BGB) တို့ ပူးပေါင်းပြီး နတ်မြစ်မှာ ကင်းလှည့်မှုကို မနေ့က မတ်လ ၆ ရက်နေ့မှာ စတင်ပါတယ်။

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေ နတ်မြစ်မှာ မနက် ၁၁ နာရီကနေ ညနေ ၅ နာရီအထိ ကင်းလှည့်ကြတာ ဖြစ်ပါတယ်။ ဖြစ်နေတဲ့ အကျပ်အတည်းနဲ့ ပတ်သက်လို့ နယ်စပ်ကို အခြေပြုပြီး ဖြစ်လာနိုင်တဲ့ ဘယ်အခြေအနေကို မဆို တားဆီးနိုင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ရေကြောင်းတစ်လျှောက် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေ ကင်းလှည့်တာ ဖြစ်ပါတယ်လို့ BGB က ဒုဗိုလ်မှူးကြီး အာဆာဒက်ဇ်မန်း ချောင်ဒူရီက ပြောပါတယ်။

ပထမဆုံးအကြိမ် ကင်းလှည့်ချိန်မှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တပ်ဖွဲ့ဝင် ၁၃ ဦးနဲ့ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၁၆ ဦး ပါဝင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)