ပင်လယ်ကမ်းစပ်ကို ရောက်နေသလိုမျိုး ခံစားရမယ့် မန္တလေးကန်တော်ကြီး Water Park

0
271

ပင်လယ်ကမ်းစပ်ကို ရောက်နေသည့်အလား ရေကစားနိုင်မယ့် မန္တလေး ကန်တော်ကြီး Water Park ခေတ်မီကစားကွင်းကို မတ်လ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

ရေလှိုင်းအတုနဲ့ စီစဉ်ထားတာဖြစ်လို့ ပင်လယ်ကမ်းစပ်ကို ရောက်နေသလိုမျိုး ခံစားရမှာဖြစ်ပြီး ရေလှိုင်းပုံစံ ၁၀ မျိုးကိုလည်း ၁၅ မိနစ် တစ်ကြိမ် ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။

ကလေးများ အခမဲ့ ဝင်ရောက် ရေကစားနိုင်ဖို့ စီစဉ်ထားပြီး မနက် ၉ နာရီကနေ ည ၈ နာရီထိ စိတ်ကြိုက်ကစားနိုင်မှာ ဖြစ်ပါတယ်။
ဝင်ကြေးကတော့ ၃၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)