၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာမှာ တရုတ် ရင်းနှီးမြှုပ်နှံမှု ကျဆင်း

0
297

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရှိပြီး မနှစ်ကနဲ့ နှိုင်းစာရင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျဆင်းသွားပါတယ်။

အဲဒီလို ကျဆင်းသွားပေမယ့် ရင်းနှီးမြှုပ်နှံမှု အားလုံးကို ခြုံကြည့်လိုက်ရင် ၁၉၈၈ ခုနှစ်ကစပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလအထိ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၅၃ ဘီလီယံနဲ့ တရုတ်က အများဆုံး ဖြစ်နေဆဲ ဖြစ်ပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စင်ကာပူက ဒေါ်လာ ၃ ဘီလီယံနဲ့ အများဆုံးအဖြစ် ရပ်တည်နေပြီး ဗီယက်နမ်က မြန်မာနိုင်ငံမှာ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ဒုတိယလိုက်လာပါတယ်။

နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေဟာ မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ဝင်ရောလာခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)