ကျွန်းလှမြို့နယ်မှာ တရားမ၀င် သစ်တွေ ဖမ်းဆီးရမိ

0
311

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်မှာ မတ်လ ၆ ရက်နေ့က တရားမ၀င် ကျွန်းသစ်တွေ ဖမ်းဆီးရမိခဲ့ပါတယ်။

ကျွန်းလှမြို့နယ် မော်ကယ်ရွာရဲ့ အရှေ့တောင်ဘက်(၄)မိုင်အကွာမှာရှိတဲ့ ဖုံဝှာကြိုးဝိုင်းထဲမှာ မြို့ခံလူထုက ပူးပေါင်းပြီး အခုလို တရားမဝင်သစ်သားတွေနဲ့ သစ်ခွဲစက်ပါ ဖမ်းဆီးရမိခဲ့တာပါ။

ကျွန်းသစ်(၅)လုံး၊ ကျွန်းသစ်(၈၅)ချောင်း၊ ကျွန်းတိုင်(၂)လုံး၊ ပျဉ်းကတိုးသစ်(၁)လုံး၊ ပျဉ်းခွဲသစ်သား(၆)ချောင်း၊ သစ်ခွဲသား(၁၈၆)ချောင်း၊ သစ်ခွဲစက် တစ်လုံး နဲ့ သစ်ပိုင်ပါ ဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါတယ်။

ကျွန်းလှမြို့နယ်ရဲစခန်းက တရားခံစိုးမြင့်ကို (ပ)၇/၂၀၁၇ အများပြည်သူပိုင် ကာကွယ်စောင့်ရှောက်မှု ဥပဒေပုဒ်မ ၆(၁)အရ အမှုဖွင့်အရေး ယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)