နာဂ ဒေသမှာ တပ်မတော်နဲ့ ပြည်သူ့ ဆေးရုံက ဆရာဝန်များ သွားရောက် ကုသပေးနေ

0
307

ချောင်းဆိုးရောဂါ အပါအဝင် ရောဂါတွေကြောင့် ၁၄ ဦး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နာဂဒေသ၊ လဟယ်မြို့ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့နဲ့ ပြည်သူ့ ဆေးရုံက ဆရာဝန်တွေ သွားရောက် ကုသပေးနေကြပါတယ်။

လဟယ်မြို့ရှိ လောနောက်ကုန်း ကျေးရွာနဲ့ လောနောက်အင်း ကျေးရွာတွေမှာ ဇန်နဝါရီ လလယ်ပိုင်းကစပြီး ခေါင်းကိုက်၊ ခါးနာ၊ ချောင်းဆိုး၊ ကျောအောင့်နဲ့ နံရိုးနာ ရောဂါတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ကျန်းမာရေး မကောင်းတဲ့ အထွေထွေ ရောဂါဝေဒနာရှင် ဒေသခံ ပြည်သူ ၂၆၃ ဦးကို ကုသပေးခဲ့တယ်လို့ မြဝတီ သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဖြစ်ပွားနေတဲ့ရောဂါတွေက ကူးစက်ရောဂါ မဟုတ်ဘဲ အဆုတ်တီဘီရောဂါနဲ့ နာတာရှည် ရောဂါများကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)