ကလေးသူငယ်များ အခွင့်အရေးချိုးဖောက်ခံရမှု တုံ့ပြန်ရန် ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

0
356

ကလေးသူငယ်များ အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်ပေါ်တဲ့အခါ တုံ့ပြန်ဆောင်ရွက်ရာမှာ ဌာနဆိုင်ရာများ အကြား ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းများ ဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၆ ရက်နေ့က နေပြည်တော်ရှိ အမရာဟိုတယ်မှာ ကျင်းပပါတယ်။

ရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ယူနီဆက်ဖ်၊ UNFPA, Save the Children တို့က ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။

အင်းဝ အပ်ချုပ်ဆိုင် အမှုလို ကလေးသူငယ် အိမ်အကူများအပေါ် ညှဉ်းပမ်းနှိပ်စက်မှုကို တုံ့ပြန်ရေး ကိုင်တွယ်ရာမှာ နှောင့်နှေးမှုတွေ၊ မှားယွင်းလုပ်ဆောင်မှုတွေ ရှိတယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

လတ်တလော ဖြစ်ပွားထားတဲ့ အမှုကတော့ မန္တလေးတိုင်း၊ အမရပူရ မြို့နယ်၊ တောင်သမန်အင်း ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာမှာ အိမ်ငှားနေတဲ့ အောင်နိုင် (ခ) အားချိုင်နဲ့ ဇနီးဖြစ်သူ တို့ကို အိမ်အကူ မိန်းကလေးငယ်အား ညှဉ်းပန်းနှိပ်စက်မှုဖြစ်ပြီး ဖမ်းဆီးစစ်ဆေး နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)