မန္တလေးသင်္ကြန်ကို မြန်မာ့ရိုးရာသင်္ကြန် နဲ့ ခေတ်သင်္ကြန်အဖြစ် ပူးတွဲဖော်ဆောင် ကျင်းပမယ်

0
296

မန္တလေးမြို့တော် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြီးခဲ့တဲ့ နှစ်များနဲ့ မတူဘဲ ထူးခြားစွာ မြန်မာ့ရိုးရာသင်္ကြန် နဲ့ ခေတ်သင်္ကြန်ဆိုပြီး ပူးတွဲဖော်ဆောင် ကျင်းပသွားမှာဖြစ်ပါတယ်။

“မြန်မာ့ရိုးရာပုံရိပ်ဖြစ်တဲ့ လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်မှာ လုပ်မှာ ဖြစ်တယ်။၂၆-လမ်းပေါ် ၆၆-လမ်းနဲ့ ၇၈-လမ်းကြားမှာ ဘယ်ယာဉ်မှ
ဝင်ခွင့်မပြုဘဲ လမ်းလျှောက်လို့ပဲရမယ်။ အဲဒီနေရာမှာ ရေပိုက်၊ ရေဖလားတွေနဲ့ ရေပက်ကြမယ်။ ဆိုင်ခန်းတွေကလည်း ရိုးရာသင်္ကြန်အစားအစာတွေ
ရောင်းမယ်။ ကျန်တဲ့ ကျုံးပတ်လည်မှာ ယခင်နှစ်တွေလိုပဲ ကားတွေနဲ့ ၀င်ထွက်ပြီး ရေကစားလို့ရပါတယ်” လို့ မန္တလေးမြို့တော် စည်ပင်
သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ၊ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောပါတယ်။

ကျုံးတောင်ဘက်ကလွဲပြီး ကျန်တဲ့ ကျုံးမျက်နှာစာ သုံးဘက်မှာ တစ်ဘက်ကို ရေကစားမဏ္ဍပ် ရှစ်ခုစီ လေလံစနစ်နဲ့ နေရာချထားပေးမှာဖြစ်ပြီး၊ ၂၆ လမ်း ကျုံးတောင်ဘက်လမ်းမှာ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ် နဲ့ အလယ်ပိုင်းတိုင်း စစ်ဃဌာနချုပ်ရဲ့ နန်းမြို့သူ ရေကစားမဏ္ဍပ် တို့ နှစ်ခုသာ ထားရှိသွားမှာ ဖြစ်ပါတယ်။

မီးသတ်ပိုက်များနဲ့ ရေပတ်ခွင့်ကို လုံးဝတားမြစ်သွားမှာဖြစ်တဲ့အတွက် တွေ့ရှိပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ သတ်မှတ်စည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ရေကစားမဏ္ဍပ်များကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း တည်ဆောက်နိုင်ရန် မြို့တော်စည်ပင်သို့
လျှောက်လွှာများအချိန်မီ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)