သင်္ကြန်တွင်း သံချပ်ထိုးခြင်းနဲ့ ပတ်သက်ပြီး အစိုးရ သတိပေး

0
261

သင်္ကြန်ကာလအတွင်း သူတစ်ပါး၊ အဖွဲ့အစည်းတို့ရဲ့ ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ မပြုလုပ်ဖို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက သတိပေး နှိုးဆော်လိုက်ပါတယ်။

အရင်နှစ်တွေကတော့ သင်္ကြန်မှာ ထိုးမယ့် သံချပ်တွေကို စိစစ်ဖြတ်တောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီနှစ် သင်္ကြန်မှာ ထိုးမယ့် သံချပ်တွေကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကော်မတီဖွဲ့ပြီး စိစစ် အတည်ပြုမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သင်္ကြန်ကာလအတွင်း အများအမြင်မှာ အနှောင့်အယှက်ဖြစ်စေမယ့် ဝတ်စားဆင်ယင်မှုမျိုး ရှောင်ကျဉ်ဖို့လည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)