မင်္ဂလာဈေး ဆောက်လုပ်မှုအတွက် တိကျတဲ့ အဖြေရရှိရေး ဆန္ဒထုတ်ဖော်

0
319

မင်္ဂလာဈေးဆောက်လုပ်မှု တိကျတဲ့ အဖြေရရှိရေးအတွက် ဈေးသူဈေးသားတွေ ဒီကနေ့ မနက် ၁၀ နာရီမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မင်္ဂလာဈေးရှေ့မှာ ဈေးသူဈေးသား ၃၀၀ ကျော်က မင်္ဂဈေးအမြန်ပြန် လည်တည်ဆောက်ပေးရေး၊ ဈေးသစ်ဆောက်လုပ်ရာမှာ အထပ်မြင့် မဆောက်လုပ်ရေး၊ ဈေးပေါ် အမြန် ရောင်းချခွင့်ရရှိရေ၊ ဈေးကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူတွေက အမြန်ဆုံးခေါ်ယူတွေ့ဆုံပေးရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုဆို မင်္ဂလာဈေးမီးလောင်သွားတာ ၁၃ လ ကျော် ၁၄ လထဲရောက်ရှိနေပြီး အသစ်ပြန်လည်ဆောက်ပေး မှာကိုသိရှိရပေမယ့် ဘယ်လို ပုံစံဘယ်အချိန်ဆိုတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေရှိက တိကျတဲ့အဖြေ မရရှိသေးတာကြောင့် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ မင်္ဂလာဈေး မြေညီထပ်ပိုင်ရှင် ဒေါ်အေးအေးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)