အာဏာလွှဲပြောင်းရေးအတွက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး နေပြည်တော်မှာကျင်းပ

0
319

အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်တွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို မတ်လ ၆ ရက်နေ့မှာကျင်းပခဲ့ပါတယ်။ MCN သတင်းထောက် ခိုင်သဇင်ဦးပေးပို့ထားပါတယ်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာရှိတဲ့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို မတ်လ ၆ ရက်နေ့ မွန်းလွဲ ၁နာရီကစပြီး ၂နာရီကြာပြုလုပ်ခဲ့တာပါ။

အဲ့ဒီအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဒေါက်တာမျိုးအောင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမေဝင်းမြင့်အပါအဝင် ကော်မတီဝင်တွေတက်ရောက်ခဲ့တာပါ။

အဲ့ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ ဦးဉာဏ်ဝင်းကတော့ အာဏာလွှဲပြောင်းရေးကိစ္စကို လွှတ်တော်အတွင်းမှာသာ ပြုလုပ်မယ်လို့ဆိုပါတယ်။

NLD အစိုးရအဖွဲ့မှာပါဝင်မယ့် ဒုသမ္မတ၊ အစိုးရအဖွဲ့ဝန်ကြီးတွေရဲ့ အမည်စာရင်းတွေ မတ်လ ၆ ရက်နေ့မှာထွက်ပေါ်လာမယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် အမည်စာရင်းထုတ်ပြန်ခြင်းမရှိပါဘူး။ လာမယ့် မတ်လ ၁၀ ရက်နေ့မှသာ အမည်စာရင်းထုတ်ပြန်မယ်လို့သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)