ဟောင်ကောင်နဲ့ မကာအိုရှိ မြန်မာတွေ Corona ဗိုင်းရပ်စ် ကာကွယ်ဖို့ မြန်မာကောင်စစ်ဝန်ရုံး သတိပေး

0
54

ဟောင်ကောင်နဲ့ မကာအို အထူးအုပ်ချုပ်မှု ဒေသတို့မှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ Corona ဗိုင်းရပ်စ် ရောဂါကူးဆက်မှု တားဆီးကာကွယ်နိုင်ဖို့ ဟောင်ကောင်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ရုံးချုပ်က ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ သတိပေး ထုတ်ပြန် ကြေညာထားပါတယ်။

လတ်တလော ဖြစ်ပွားလျက်ရှိတဲ့ Corona  ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု တားဆီးနိုင်ဖို့အတွက် မြန်မာနိုင်ငံသား အလုပ်သမားတွေ အနေနဲ့  အလုပ်နားရက်တွေမှာ ပြင်ပကို သွားရောက်လည်ပတ်ခြင်း မပြုကြဘဲ နေအိမ်တွေမှာသာ နေထိုင်ကြဖို့၊ မဖြစ်မနေ အပြင်ကို သွားရောက်ရမယ်ဆိုပါကလည်း Mask ကို အသုံးပြုကြဖို့နဲ့ လူထူထပ်တဲ့နေရာတွေကို သွားရောက်ခြင်းမပြုကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင်  မိမိတို့ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးကို အထူးဂရုစိုက် နေထိုင်ကြဖို့၊ မကြာခဏ လက်ကို စင်ကြယ်သန့်ရှင်းစွာ ဆေးကြောဖို့၊ ဖြစ်နိုင်မယ်ဆိုရင်  လက်ကို တစ်နေ့ အကြိမ် (၂၀) နဲ့ အထက် ဆေးကြောကြဖို့နဲ့ အိမ်သာအသုံးပြုပြီး ရေးဆွဲချရမယ့်အချိန်မှာ အိမ်သာဖုံးကို ဖုံးအုပ်ပြီးမှသာ ရေးဆွဲချဖို့ မြန်မာ ကောင်စစ်ဝန်ရုံးချုပ်က အသိပေး ကြေညာထားတာ ဖြစ်ပါတယ်။


(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)