မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဆဲလို့ Hillary Rodham Clinton ဆုရှင် မဝေေ၀နုဆို

0
1156

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဆဲဖြစ်ပြီး၊ လူနည်းစုတွေ ဖိနှိပ်ခံရတဲ့အခြေအနေတွေ ဆက်ပြီးရှိနေသေးတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေေ၀နုက ပြောကြားလိုက်ပါတယ်။

(သတင်းဓာတ်ပုံ – EPA \ MICHAEL REYNOLDS)

Hillary Rodham Clinton ဆု လက်ခံရရှိတာနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားစဉ်မှာ မဝေေ၀နုက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြန်မာနိုင်ငံမှာ လူနည်းစုကိုတွေအပေါ်  ဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ အနည်းနဲ့ အများရှိနေရင် အဲ့ဒါကို လစ်လျူရှုထားရင်၊ ဥပက္ခာပြုထားရင် ခွဲခြားဖိနှိပ်မှုကို လက်ခံထားရင် ကမ္ဘာရဲ့ အာရုံစူးစိုက်မှုတွေ ရလာမယ်၊ ဝေဖန်မှုတွေဖြစ်လာမယ်၊ အဲ့ဒီလို ဖြစ်လာရင်တော့ ဆိုးဝါးတဲ့ ပြဿနာတစ်ခု ဖြစ်လာပြီ ဆိုတာရဲ့ သက်သေပဲလို့လည်း မဝေေ၀နုက ပြောပါတယ်။

မဝေေ၀နုဟာ အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်-Arakan အဖွဲ့ကို တည်ထောင်သူ တစ်ယောက်ဖြစ်သလို နိုင်ငံတကာမှာလည်း ရိုဟင်ဂျာလူမျိုးအရေး တက်ကြွသူ တစ်ဦးအဖြစ်လည်း အသိအမှတ်ပြု ခံထားရသူ တစ်ဦးပါ။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဆဲလို့ Hillary Rodham Clinton ဆုရှင် မဝေဝေနုဆို

မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဆဲဖြစ်ပြီး၊ လူနည်းစုတွေ ဖိနှိပ်ခံရတဲ့အခြေအနေတွေ ဆက်ပြီးရှိနေသေးတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေဝေနုက ပြောကြားလိုက်ပါတယ်။

Hillary Rodham Clinton ဆု လက်ခံရရှိတာနဲ့ပတ်သက်ပြီး ဗွီအိုအေသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားစဉ်မှာ မဝေဝေနုက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ မြန်မာနိုင်ငံမှာ လူနည်းစုကိုတွေအပေါ် ဖိနှိပ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ အနည်းနဲ့ အများရှိနေရင် အဲ့ဒါကို လစ်လျူရှုထားရင်၊ ဥပက္ခာပြုထားရင် ခွဲခြားဖိနှိပ်မှုကို လက်ခံထားရင် ကမ္ဘာရဲ့ အာရုံစူးစိုက်မှုတွေ ရလာမယ်၊ ဝေဖန်မှုတွေဖြစ်လာမယ်၊ အဲ့ဒီလို ဖြစ်လာရင်တော့ ဆိုးဝါးတဲ့ ပြဿနာတစ်ခု ဖြစ်လာပြီ ဆိုတာရဲ့ သက်သေပဲလို့လည်း မဝေဝေနုက ပြောပါတယ်။

မဝေဝေနုဟာ အမျိုးသမီး ငြိမ်းချမ်းရေး ကွန်ယက်-Arakan အဖွဲ့ကို တည်ထောင်သူ တစ်ယောက်ဖြစ်သလို နိုင်ငံတကာမှာလည်း ရိုဟင်ဂျာလူမျိုးအရေး တက်ကြွသူ တစ်ဦးအဖြစ်လည်း အသိအမှတ်ပြု ခံထားရသူ တစ်ဦးပါ။
အခုအခါမှာတော့ Hillary Rodham Clinton ဆုကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ရရှိခဲ့တာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်ရဲ့ အရည်အချင်းပြောက်မြောက်တဲ့ဦးဆောင်မှုနဲ့ ဆုရရှိသူတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ Hillary Clinton ဆုအဖြစ် Georgetown တက္ကသိုလ်ရဲ့ Institute for Women, Peace and Security ဌာနက သတ်မှတ်ချီးမြှင့်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)