
0
1003


(သတင်းဓာတ်ပုံ – EPA \ HEIN HTET)




>>>>>>>>>>>>>>>>>>>>>>>>>>>

အာဆီယံနိုင်ငံတွေ သယံဇာတတွေအပေါ် အလွန်းအမင်းမှီခိုနေရဟုဆို

အာဆီယံဒေသတွင်း နိုင်ငံတွေ သဘာဝ သယံဇာတတွေအပေါ် အလွန်းအမင်းမှီခိုနေရတာကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေ တွေ့ကြုံခံစားနေကြရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာဆီယံအစိမ်းရောင် စီးပွားရေးဗဟိုဌာနစတင် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အစည်းအဝေးကို ပေးပို့တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။

အဲ့ဒီသဝဏ်လွှာထဲမှာပဲ အာဆီယံနိုင်ငံတွေမှာ ရာဦဥတုပြောင်းလဲမှုဒဏ်တွေကို ထိခိုက်ခံစားလွယ်တဲ့ နိုင်ငံတွေ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားလိုက်တာပါ။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအစိမ်းရောင် စီးပွားရေးဗဟိုဌာနစတင် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)