
0
1149




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေး ကနေဒါကို အတိုင်ပင်ခံ ရှင်းပြ

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကနေဒါနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် ရှင်းပြလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနိုင်ငံ၊ အွန်တေရီယို ပြည်နယ်ဝန်ကြီးချုပ်ဟောင်း Hon. Robert Rae ကို ဇေဖော်ဝါရီလ ၇ ရက်နေ့က နေပြည်တော်မှာ လက်ခံတွေ့ဆုံစဉ် ရှင်းပြလိုက်တာလို့ အစိုးရက သတင်းထုတ်ပြန်ထားတာပါ။

တွေ့ဆုံမှုအတွင်းမှာတော့ နှစ်နိုင်ငံဆက်ဆံရေး၊ ရခိုင်ပြည်နယ်ရဲ့ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)