
0
1028




>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုဇွန်တောင်မှာ ဦးလေးအရင်းက အသက် ၄ နှစ်အရွယ် တူမကို သားမယားပြုကျင့်မှု ဖြစ်ပွား

ရန်ကုန် ပုဇွန်တောင်မှာ ဦးလေးအရင်းဖြစ်သူ အသက် ၄ နှစ်အရွယ် တူမကို သားမယားအဖြစ် ပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့က လူဇော် (ခ) ဆန်နီ (၃၃) နှစ်က တူမအရင်းတော်စပ်သူ အသက် ၄ နှစ်အရွယ် မ ——– ကို မေတ္တာညွန့်ရပ်ကွက်၊ သံလမ်းဘေး ကျူတောမှာ သားမယားအဖြစ် ပြုကျင့်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်က ဆိုတာပါ။
ဒါကြောင့် တာမွေမြို့နယ် ရဲစခန်းက လူဇော် (ခ) ဆန်နီ (၃၃) နှစ်ကို (ပ) ၁၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ (မုဒိမ်းမှု/ကလေးသူငယ်ခိုးမှု) နဲ့ အမှုဖွင့် စစ်ဆေးတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)