
0
975





>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေ ဖောက်ခွဲရေးလုပ်ဖို့ စီစဉ်ခဲ့တဲ့ ကားမိုင်းဟောင်းတစ်လုံး မောင်တောမှာတွေ့

ဘင်္ဂါလီတွေ ဖောက်ခွဲရေးလုပ်ဖို့ စီစဉ်ခဲ့တဲ့ ကားမိုင်းဟောင်းတစ်လုံးကို မောင်တောမြို့နယ်မှာ တွေ့ရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်နေ့က မောင်တောမြို့နယ်၊ ခွဆုံကျေးရွာမှာ အဲ့ဒီမိုင်းကို တွေ့ရှိခဲ့တာလို့ အစိုးရ သတင်းထုတ်ပြန်ချက်က ဆိုတာပါ။
အလျား (၁၀) လက်မ၊ လုံးပတ် (၁၂) လက်မလောက်ရှိတဲ့ အောက်ခြေအရင်းမှာ အစိမ်းရောင်တိပ်ကပ်ထားပြီး ကိုယ်ထည်မှာ ခဲရောင်တိပ်နဲ့ ကပ်ထားကာ အင်္ဂလိပ်စာလုံး (AD) အမှတ်အသားရေးသားထားသလို (သက်ရှိ) မိုင်းတစ်လုံး ဖြစ်ပါတယ်။
ဒီမိုင်းကို ဘတ္ထရီနဲ့ ချိတ်ဆက် အသုံးပြုရတာဖြစ်ပြီး ကားကို ဖောက်ခွဲတဲ့နေရာမှာ အသုံးပြုဖို့ ဖြစ်နိုင်တယ်လို့လည်း အစိုးရ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)