
0
1050


(သတင်းဓာတ်ပုံ – EPA\ABIR ABDULLAH)





>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီတွေ တဖက်နိုင်ငံကို ပြန်လည်ထွက်မှုတွေ ဆက်လုပ်နေ
ဘင်္ဂါလီတွေ တဖက်နိုင်ငံကို ပြန်လည်ထွက်မှုတွေ ဆက်လုပ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က မောင်တောမြို့နယ် ဂေါ်ဒူသာရချောင်းဝ ပင်လယ်ကမ်းခြေ ခန့်မှန်း (DT-352955) ရောက်ရှိနေတဲ့ ဘင်္ဂါလီ ၈၈၁ ဦးထဲက အမျိုးသား ၈၅ ဦးနဲ့ အမျိုးသမီး ၆၅ ဦး စုစုပေါင်း ၁၅၀ ဦးဟာ လှေငယ် ၃ စီးနဲ့ ဘင်္ဂါလားဒေ့ရှ်နိုင်ဘက်ကို ပြန်သွားခဲ့ကြတာလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါကြောင့် အဲ့ဒီနေရာမှာ ဘင်္ဂါလီ ၇၃၁ ဦး (ကျား ၃၃၀၊ မ ၄၀၁) ဆက်လက်ကျန်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မောင်တောမြို့နယ်ထဲက ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြန်သွားတာတွေ ရှိခဲ့တာပါ။

မြန်မာအစိုးရကတော့ ပဋိပက္ခတွေ ဖြစ်ပွားပြီးခဲ့တဲ့ နောက်ပိုင်း ဘင်္ဂါလီတွေ တဖက်နိုင်ငံကို မပြန်ဖို့ မေတ္တာရပ်ခံတာပါ။ ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး တော့လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်သွားတဲ့ ဘင်္ဂါလီတွေအတွက် ပြန်လည်လက်ခံရေးစခန်းတွေ ဖွင့်လှစ်ပေးထားတာပါ။

ဒီလို ဖွင့်ထားပေမယ့်လည်း မြန်မာနိုင်ငံဘက်ကို ပြန်လာသူ ဘင်္ဂါလီ တစ်ယောက်မှ မရှိသေးပဲ ဘင်္ဂါးဒေ့ရှ်နိုင်ငံဘက်ကိုသာ အခုလို ဆက်လက်ထွက်ခွာနေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)