ပညာေရးအသံုးစရိတ္တိုးျမႇင့္ေရး တိုက္ပြဲေကာ္မတီက အခ်က္ေလးခ်က္ ထပ္မံေတာင္းဆို

0
1009

ပညာေရးအသံုးစရိတ္တုိးျမႇင့္ေရး တိုက္ပြဲေကာ္မတီ က အခ်က္ ၄ ခ်က္ အစိုးရ ကို ထပ္မံေတာင္းဆို လိုက္ပါတယ္။

ပညာေရးအသံုးစရိတ္တိုးျမႇင့္ေပးဖို႕ ေတာင္းဆိုဆႏၵျပေနရင္း ေက်ာင္းထုတ္ခံလိုက္ရတဲ့ ေက်ာင္းသားေတြ အတြက္ တစ္ႏိုင္ငံလံုးမွာရွိတဲ့ ေက်ာင္းသားသမဂၢ ေတြစုေပါင္းၿပီး “မတရားေက်ာင္းထုတ္ခံရေသာ ေက်ာင္းသားမ်ား ဂုဏ္သိကာရွိစြာ ေက်ာင္းျပန္လည္တက္ခြင့္ရေရးအတြက္ ညိႇႏိုင္ေရး ေကာ္မတီ ” ကို ဖြဲ႕စည္းၿပီး အခ်က္ ၄ ခ်က္ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်က္ ၄ ခ်က္ကေတာ့ ပညာေရး၀န္ႀကီးဌာနအေနနဲ႕ ေက်ာင္းထုတ္ခဲ့တဲ့ အမိန္႔စာကို ျပန္႐ုတ္သိမ္းေပးဖို႔ ၊ မတရားေက်ာင္းစည္းကမ္းေတြကို ျပင္ဆင္ေပးဖို႔၊ အခါအားေလ်ာ္စြာ ထုတ္ျပန္တဲ့ ေက်ာင္းစည္းကမ္းေတြမွာ ေက်ာင္းသားေတြဆႏၵပါ၀င္ဖို႕နဲ႕ ပညာေရး၀န္ႀကီးဌာနအေနနဲ႕ ေက်ာင္းထုတ္ခံ ရတဲ့ ေက်ာင္းသားေတြအေပၚမွာ အျပစ္မရွိေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ေပးဖို႔အခ်က္ေတြျဖစ္ပါတယ္။

ဒီအခ်က္ေတြကို ပညာေရး၀န္ႀကီးဌာနအေနနဲ႕ လိုက္ေလ်ာေဆာင္ရြက္ေပးဖို႔မရွိဘူးဆိုရင္ ေက်ာင္းသားထု ေတြအေနနဲ႔ လမ္းေပၚတက္ဆႏၵျပေတာင္းဆိုသြားမွာျဖစ္တယ္လို႔ ပညာေရးအသံုးစရိတ္တုိးျမႇင့္ေရး တိုက္ပြဲေကာ္မတီက ေကာ္မတီ၀င္ ကိုရာဇာထြန္းက MCN သတင္းဌာနကိုေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးတိုက်ပွဲကော်မတီက အချက်လေးချက် ထပ်မံတောင်းဆို

ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး တိုက်ပွဲကော်မတီ က အချက် ၄ ချက် အစိုးရ ကို ထပ်မံတောင်းဆို လိုက်ပါတယ်။

ပညာရေးအသုံးစရိတ်တိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြနေရင်း ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ အတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂ တွေစုပေါင်းပြီး “မတရားကျောင်းထုတ်ခံရသော ကျောင်းသားများ ဂုဏ်သိကာရှိစွာ ကျောင်းပြန်လည်တက်ခွင့်ရရေးအတွက် ညှိနိုင်ရေး ကော်မတီ ” ကို ဖွဲ့စည်းပြီး အချက် ၄ ချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီအချက် ၄ ချက်ကတော့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းထုတ်ခဲ့တဲ့ အမိန့်စာကို ပြန်ရုတ်သိမ်းပေးဖို့ ၊ မတရားကျောင်းစည်းကမ်းတွေကို ပြင်ဆင်ပေးဖို့၊ အခါအားလျော်စွာ ထုတ်ပြန်တဲ့ ကျောင်းစည်းကမ်းတွေမှာ ကျောင်းသားတွေဆန္ဒပါဝင်ဖို့နဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းထုတ်ခံ ရတဲ့ ကျောင်းသားတွေအပေါ်မှာ အပြစ်မရှိကြောင်း ကြေညာချက်ထုတ်ပြန်ပေးဖို့အချက်တွေဖြစ်ပါတယ်။

ဒီအချက်တွေကို ပညာရေးဝန်ကြီးဌာနအနေနဲ့ လိုက်လျောဆောင်ရွက်ပေးဖို့မရှိဘူးဆိုရင် ကျောင်းသားထု တွေအနေနဲ့ လမ်းပေါ်တက်ဆန္ဒပြတောင်းဆိုသွားမှာဖြစ်တယ်လို့ ပညာရေးအသုံးစရိတ်တိုးမြှင့်ရေး တိုက်ပွဲကော်မတီက ကော်မတီဝင် ကိုရာဇာထွန်းက MCN သတင်းဌာနကိုပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)