
0
1029




>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်အရေးဆို ပြည်သူ့လွှတ်တော်မှာ ဆက်ဆွေးနွေးခွင့်ရ

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်တဲ့အဆို ပြည်သူ့လွှတ်တော်မှာ ဆက်လက် ဆွေးနွေး ခွင့် ရရှိသွားပြီဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေ တင်သွင်းတဲ့အဆိုကို ဖေဖော်ဝါရီလ ၇ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုကြောင့် ဆက်လက်ဆွေးနွေးခွင့် ရရှိခဲ့တာပါ။
အဲ့ဒီအဆိုမှာတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးအပါအဝင် ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ ်ထာဝရလုံခြုံမှုရှိတဲ့ လူမှုဘဝကို တည်ထောင်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေကို ရေတိုရေရှည်စီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာ ချမှတ်ပြီး ထိရောက်တဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ပြုလုပ်ပေးဖို့ နိုင်ငံတော်အစိုးရကို တိုက်တွန်းထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)